ပညာရှင်များခေတ်

ကျော်ဝင်း

800 Kyats ကျပ်
ဆရာကျော်ဝင်းကို စာပေလောကထဲ ပထမဆုံး တွန်းပို့ခဲ့တဲ့ စာအုပ်၊ ကလောင်သစ်တစ်ယောက်ရဲ့ လေးပင်တဲ့ အကြောင်းအရာတွေကို စာဖတ်ပရိသတ် စွဲငြိခဲ့တဲ့ စာအုပ်၊ စာအုပ်နာမည်က … ပညာရှင်များခေတ်။ ယခုစာအုပ်ကတော့ ပထမအကြိမ် ထုတ်ဝေခဲ့တဲ့ စာအုပ်ထဲမှာ မပါသေးတဲ့ ဘောဂဗေဒဆိုင်ရာ ဆောင်းပါးတွေကို ထပ်မံဖြည့်စွက်မှုတွေပါ ပါဝင်ပါတယ်။ နိုင်ငံ၏ စီးပွားရေး၊ ဈေးကွက်စီးပွားရေး၊ အဲ(န)ထရာပရာနော စီးပွားရေး၊ ပျော်ရွှင်မှု၏ နိုင်ငံရေး ဘောဂဗေဒ၊ တဲလင့်ဝါး (သို့မဟုတ်) ဦးနှောက်ပါဝါစစ်ပွဲများ၊ စီးပွားရေးသစ်၊ သီအိုရီ၊ မိုဒယ်နှင့် ပြန်လည်ဆန်းစစ်ခြင်း … စတဲ့ ဆရာကျော်ဝင်းရဲ့ဘောဂဗေဒဆိုင်ရာ ဆောင်းပါးတွေကို ခေါင်းစဉ်ကိုးခုအောက်မှာ ထပ်မံ ဖြည့်စွက် ထည့်သွင်းထားပါတယ်။ ပညာရှင်တွေရဲ့ ခေတ်ဟာ ဘယ်ခေတ်လဲ၊ ဘယ်ခေတ်ဟာ ပညာရှင်တွေရဲ့ ခေတ် ဖြစ်မလဲဆိုတာ၊ ဒီစာအုပ်ထဲမှာ လေ့လာ ဖတ်ရှုကြည့်စေချင်ပါတယ်။