တယ္လီပသီ

ကျော်မျိုးနိုင်

400 Kyats ကျပ်
စိုးမြင့်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်က သူတို့သူငယ်ချင်းတစ်စုထဲမှာ ထူးခြားတဲ့ လူတစ်ယောက်။ စိုးမြင့်က စိတ်သဘောထားကောင်းတယ်၊ သူငယ်ချင်းတွေအပေါ်လည်း အနစ်နာခံတယ်။ ဒါပေမဲ့ စိုးမြင့်မှာ အကျင့်တစ်ခုရှိတယ်။ အဲဒါက စိတ်နယ်လွန်၊ ဂမ္ဘီရ၊ လိပ်ပြာလွှင့်၊ စတာတွေကို အသည်းအသန် စိတ်ဝင်စားတာပဲ။ စိုးမြင့်ဆီမှာ အဲဒီပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေလည်း အများကြီး။ တစ်နေ့ … စိုးမြင့် သူ့ဆီ ဖုန်းခေါ်လာတယ်။ အိပ်မက်ထဲကနေ စိတ်ချင်းဆက်သွယ်ပြီး စကားပြောတဲ့ကိစ္စ လှမ်းပြောတယ်။ မျိုးအောင်နဲ့ သိန်းဝင်းဆီလည်း ဆက်ပြီးပြီတဲ့။ စိုးမြင့်အကျင့်ကို သိနေတော့ သူငယ်ချင်းအားလုံးက ဆဲကြတယ်။ စိုးမြင့်ကတော့ သူ့ဝါသနာကို မစွန့်လွှတ်ဘူး။ ဒီလိုနဲ့ တစ်နေ့မှာ သိန်းဝင်းတစ်ယောက် ရုတ်တရက် အိပ်နေရင်းကနေ ရုပ်ပျက်ဆင်းပျက် သေဆုံးသွားတယ်။ မကြာခင်မှာလည်း မျိုးအောင်ဟာလည်း စိုးမြင့်လိုပဲ အိပ်ရာထဲမှာ သေသွားခဲ့ပြန်တယ်။ ဒီလို ထိတ်လန့်စရာ အဖြစ်အပျက်တွေက စိုးမြင့်ရဲ့ အိပ်မက်တွေကနေ စခဲ့မှန်း သိသွားတဲ့အခါ …