အိပ်မက်အတိုင်းသာ တကယ်ဖြစ်ခဲ့ရင် ...

ကောင်းသန့်

800 Kyats ကျပ်
ဒီစာအုပ်ထဲမှာတော့ စာရေးဆရာကောင်းသန့်ရဲ့ နိုင်ငံရေးဆိုင်ရာ သုံးသပ်ချက် သဘောထားအမြင် ဆောင်းပါးတွေကို ဖတ်ရှုကြရမှာပါ။ စာရေးသူဟာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံများကို တာဝန်အရ သွားရောက်ခဲ့ဖူးပြီး အဲ့ဒီက အခြေအနေများနှင့် ကိုယ့်ပြည်တွင်း အနေအထားတို့ကို နှိုင်းယှဉ်ကာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်သည်များကို အကြံပြု သုံးသပ်ပြတားတယ်။ စာရေးသူဟာ ပညာရေးနယ်ပယ်မှာ ကျင်လည်ခဲ့သူ ဖြစ်တဲ့အလျောက် နိုင်ငံကောင်းဖို့ အဓိက လိုအပ်ချက်ဖြစ်တဲ့ ပညာရေးကဏ္ဍကို စနစ်တကျ ပြောင်းလဲဖို့ ပြောဆိုထားတယ်။ အစိုးရအနေနဲ့လည်း ပြည်သူ့မျက်နှာကြည့်ပြီး လုပ်သင့်တာတွေ ရှိတယ်ဆိုတာကို ထောက်ပြထားတယ်။ လူငယ်တွေအနေနဲ့လည်း နိုင်ငံရေးကို စိတ်ဝင်စားဖို့ လိုအပ်နေကြောင်းနဲ့ လူငယ်တွေအနေနဲ့ ကိုယ့် အရည်အသွေး အရည်အချင်းကို တိုးတက်အောင် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ‘စိတ်ပြောင်းမှ အလုပ်ကောင်းမည်၊ အလုပ်ကောင်းမှ ရလဒ်ကောင်းမည်’ ဆိုတဲ့ ဆောင်းပါးလိုမျိုး လူတိုင်းလူတိုင်း စိတ်ကို အရင်ပြုပြင်ကြဖို့ နှိုးဆော်ထားတာကိုလည်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။