ပြိုင်ဘက်ကင်း သိုင်းဧကရာဇ် စာစဉ် - ၁

ဦးဟန် (ချန်ဇီ)

အခမဲ့
ရာသီဥတု ထူးထူးဆန်းဆန်း ဖြစ်နေချိန်မှာ ချန်စံအိမ်ကြီးထဲမှာ ချန်ကလန်ရဲ့ခေါင်းဆောင် ချန်ဖေးရဲ့သားကို ဖွားမြင်ခဲ့တယ်။ အဲဒီအချိန်မှပဲ လျှပ်စီး ပြင်းထန်စွာလက်ပြီး ကျယ်လောင်တဲ့ မိုးကြိုးလုံးက ကမ္ဘာမြေတစ်ခုလုံး တုန်ဟီးသွားတဲ့အထိ ပစ်ချခဲ့တယ်။ မွေးဖွားလာတဲ့ ကလေးရဲ့လက်ထဲမှာ ထူးထူးဆန်းဆန်း အနီစင်းရာတစ်ခုပါခဲ့တယ်။ အဲဒီ အမှတ်ရာကို ချန်ဖေးမြင်တော့ သူ့သားရဲ့ နာမည်ကို ချန်ဇီအဖြစ် အမည်ပေးခဲ့ပြီး တစ်နေ့မှာ ဧကရာဇ်တစ်ယောက်ဖြစ်ရမယ်လို့ ကြွေးကြော်ခဲ့တယ်။ ဒီလိုမျိုး ထူးခြားမှုတွေနဲ့ မွေးဖွားခဲ့တဲ့ ချန်ဇီဆိုတဲ့လူမမယ်ကောင်လေးက အနာဂတ်မှာ ထက်မြက်ပြီး ပြိုင်ဘက်ကင်းတဲ့ ဧကရာဇ်တစ်ယောက်ဖြစ်လာမလားဆိုတာကို ဒီစီးရီးထဲမှာ ဖတ်ကြည့်လိုက်ရအောင် !