အာဒမ်၏ဆာတေး

အကြည်တော်

1000 Kyats ကျပ်
ဆရာကြည်ရဲ့ လက်ရာကောင်းတွေထဲက တစ်အုပ်ဖြစ်တဲ့ ဒီစာအုပ်ကတော့ ဖတ်ရင်းနဲ့ အူတက်မတတ် ရယ်နေရမယ့် ဟာသဝတ္ထု စာအုပ်တစ်အုပ်ပါပဲ။ ဇာတ်လမ်းကို တည်ထားတာကလည်း ဒီခေတ်မဟုတ်ဘူးဗျ။ အနာဂတ်ခေတ်။ အနာဂတ်ခေတ်ကနေမှ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀၀၀) လောက်က အချိန်ကို ပြန်သွားပြထားသေးရဲ့။ အံမယ် ... ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က လေယာဉ်ခေါင်မိုးပေါ် လိမ္မော်သီးတောင်းတွေ တက်ချည်နေတဲ့ စပါယ်ယာနဲ့၊ ငါးမိနစ်တစ်စီး ထွက်နေတဲ့ လေကြောင်းလိုင်းတွေနဲ့ ထူးထူးခြားခြား ဟာသဝတ္ထုတစ်ပုဒ်ဗျ။ ကိုယ့်ဆရာတို့ ရယ်ရမှာ ပျင်းရင်တော့ မဖတ်နဲ့နော်။