အသည်းကွဲ နှစ်ဆယ့်လေးနာရီ

အကြည်တော်

1000 Kyats ကျပ်
အသည်းကွဲဖူးပါသလား မိတ်ဆွေ။ ကွဲဖူးတယ်ဆိုရင် ဘယ်နှခါလောက် ကွဲဖူးလဲ။ ဒါမှမဟုတ် ဘယ်လိုပုံစံမျိုး ကွဲဖူးသလဲ။ ကမ္ဘာပေါ်မှာ အသည်းကွဲနည်းပေါင်း အမြောက်အမြား ရှိနိုင်ပါတယ်။ ကိုယ့်ချစ်သူ (ကိုယ်က ချစ်ရသူ) ကိုယ့်ကို မချစ်ဘူးလို့ အဖြေပေးချိန်၊ ကိုယ့်ချစ်သူက ကိုယ့်ကိုမချစ်ဘဲ တခြားတစ်ယောက်နဲ့ ချစ်သွားချိန်၊ ကိုယ့်ချစ်သူက နှလုံးရောဂါသည် မိဘစကားကို နားထောင်ပြီး ပေးစားသူနဲ့ ယူဖို့ ဆုံးဖြတ်ချိန်၊ ကိုယ့်ချစ်သူက အကြောင်းတစ်ခုခုကြောင့် ကိုယ့်ကို ပစ်ပစ်ခါခါ နာကြည်းသွားချိန် … စသဖြင့် အသည်းကွဲစရာ အကြောင်းပေါင်း အများကြီး ရှိမှာပေါ့နော်။ အဲ … ဒါပေမဲ့ ဒီဇာတ်လမ်းထဲက ဇာတ်လိုက်ကြီးလိုတော့ ဘယ်သူမှ အသည်းကွဲဖူးကြမယ် မထင်ဘူး။ ချစ်သူဆီက အဖြေရတဲ့ နေ့မှာပဲ အသည်းရော၊ အရှက်ရော၊ အစုံလိုက် အသည်းကွဲနည်းမျိုး ကြုံဖူးကြမှာ မဟုတ်ဘူး။ ဖတ်ကြည့်ပါ။ ပြီးရင် ဇာတ်လိုက်ကျော်ကြီးရဲ့ အသည်းကွဲနည်းကို နားလည်သွားနိုင်မှာပါ။ ငိုအားထက် ရယ်အားသန်ရတဲ့ အသည်းကွဲဇာတ်လမ်းနော်။