အစုံသုပ်

အကြည်တော်

1000 Kyats ကျပ်
အစုံသုပ် ဆိုတဲ့ ခေါင်းစဉ်အတိုင်းပဲ၊ ဒီစာအုပ်ထဲမှာ ဆရာအကြည်တော်ရဲ့ စာပေလက်ရာ အစုံအလင်ကို အရသာရှိတဲ့ အသုပ်စုံတစ်ပွဲ စားရသလို ချဉ်ချဉ်၊ ငံငံ၊ စဉ်စဉ်၊ ချိုချို၊ ဆိမ့်ဆိမ့် ... ထိထိမိမိ ခံစားကြရမှာပါ။ ဆရာအကြည်တော်က သူ ဖြတ်သန်းခဲ့ရတဲ့ ဘဝလမ်း၊ စာပေလမ်းပေါ်က အတွေ့အကြုံတွေ၊ ရယ်စရာ မောစရာတွေကို အက်ဆေးဆန်ဆန်၊ ဝတ္ထုတိုဆန်ဆန်လေးတွေ ပြန်ရေးပြထားတာပါ။ ဆရာကြည့်လက်ရာဆိုတော့ မရယ်ရဘဲလည်း ဘယ်နေမလဲနော်။ ဖတ်ကြည့်ပါ။ အစုံသုပ်တဲ့။ ရသစုံပါပဲခင်ဗျ။