လူလည်ကြီးများရွာ

အကြည်တော်

1000 Kyats ကျပ်
ရြာတစ္ရြာ။ ဘာရွာလည်းလို့မမေးနဲ့ဗျ။ ရွာနာမည်က အရေးမကြီးဘူး။ ဘယ်သူတွေနေတဲ့ ရွာဆိုတာပဲ အရေးကြီးတယ်။ ဟုတ်ပါတယ်။ အဲဒီရွာမှာ နေကြသူတွေက သမားရိုးကျ တောသူတောင်သားတွေ မဟုတ်ဘူး။ ရွာရယ်လို့ စတည် ကတည်းက ဒေသအစုံနေရာအနှံက အဆိုးအမိုက်ဆိုတာတွေက သူတို့မူရင်းဒေသမှာ နေမရလို့ ဒီရွာမှာ လာစုနေကြတာ။ သပွတ်အူတွေစုပြီး တည်ထားတဲ့ရွာလို့ ဆိုရမှာပေါ့။ အဲဒီလိုဆိုလို့ ဒီရွာဟာ အုပ်ချုပ်ရခက်၊ ဆိုးပေတေနေကြမယ်လို့တော့ မထင်နဲ့။ ရွာကို အုပ်ချုပ်တဲ့သူကြီးက မျိုးရိုးအစဉ်အဆက် နာမည်တစ်လုံးနဲ့နေတာ။ ကောင်းရင်လည်းကမ်းကုန် … မိုက်ရင်လည်းကမ်းကုန်။ ဒီတော့ ရွာသားတွေက သူကြီးမင်းဟေ့ဆို တုတ်တုတ်တောင် လှုပ်ဝံ့ကြတာ မဟုတ်ဘူး။ အဲ … တကယ့်ပြဿနာက အဲဒီရွာသူကြီးမင်း စရိတ်ဖရီးနဲ့ မြို့တက်ဘုရားဖူးနေတဲ့ အချိန်မှာ ဖြစ်တာ။ ဘာတွေဖြစ်တာလည်းတော့ မမေးနဲ့ဗျာ။ သိချင်ရင် ဖတ်ကြည့်ပေါ့ ဟုတ်လား။ တစ်ခုပဲ ပြောနိုင်တယ်။ ရွာလေ … ရွာပေါက်၊ ရွာဓလေ့တွေနဲ့ ကပေါက်တိကပေါက်ချာ ကြံကြံဖန်ဖန် အူတက်အောင်ရယ်ရတဲ့ ဆရာအကြည်တော် ‘ကျောက်သင်ပုန်းတွေမိုးထားတဲ့အိမ်’ လိုမျိုး ဝတ္ထုကောင်းတွေကို တမ်းတနေသူတွေအတွက် သေချာပေါက် အလွမ်းပြေပါလိမ့်မယ်။