ရှင့်ကိုမုန်းတာ ၁၂ ခါ

အကြည်တော်

1000 Kyats ကျပ်
'ရှင့်ကိုမုန်းတာ ဆယ့်နှစ်ခါ' တဲ့။ ဒီစကားက သူ့နားထဲ အရင်က အမြဲကြားနေရတဲ့ စကားလေးပေါ့။ အခုတော့ အဲဒီစကားကို ခဏခဏ ပြောခဲ့ဖူးတဲ့ ကောင်မလေးလည်း အိမ်ထောင်ကျလို့ ကလေးတွေဘာတွေတောင် ရနေလောက်ပြီ။ ဒါပေမဲ့ ဆရာကြည်က အမှတ်ရနေမိသေးဟန် တူပါရဲ့။ ဝတ္ထုလေးတစ်ပုဒ် ရေးပစ်လိုက်တယ်။ ဒီဝတ္ထုကိုသာ အဲဒီကောင်မလေး ဖတ်ဖြစ်ခဲ့ရင် 'ရှင့်ကိုမုန်းတာ ဆယ့်နှစ်ခါ' လို့များ ပြောဦးမလား မသိဘူးနော်။ လွမ်းစရာလေးတော့ ဖြစ်မှာပါ။ ဒါပေမဲ့ ကိုယ့်ဆရာတို့ မပူနဲ့ခင်ဗျ။ ရယ်စရာတွေလည်း အပြည့်ပါပဲ။ အနည်းဆုံး ဆယ့်နှစ်ခါလောက်တော့ ရယ်ရမှာ အသေအချာပါပဲခင်ဗျ။