မိန်းမဋီကာ

အကြည်တော်

1000 Kyats ကျပ်
"ဆရာရှင့် … ၊ ဆရာရေးတဲ့ လူပျိုကြီးဖြစ်ရခြင်း (ခေါ်) မိန်းမဋီကာဝတ္ထုကို အင်ပါယာမဂ္ဂဇင်းမှာ ကတည်းက ဖတ်ရပါတယ် ရှင့်။ တော်တော် မခိုင်လုံတဲ့အကြောင်း၊ တော်တော်ကို မကောင်းမြင်တဲ့စိတ်နဲ့ ရေးထားတာဖြစ်လို့ ဆရာကိုယ်တိုင်ရေး တာ ဟုတ်ပါလေစလို့ ထင်မှတ်ခဲ့ပါတယ်ရှင်။ အခု … ဒီစာစုကို ဆရာထုတ်မယ်ဆိုတော့ စိတ်မှ ကောင်းသေးရဲ့လားလို့ မေး ချင်ပါတယ်ရှင့်” ။ "ဆရာအကြည်တော် … ၊ ဆရာလေးစားအတုယူပါတယ်ဆိုတဲ့ ဆရာရွှေဥဒေါင်းတို့ ဆရာတာရာမင်းဝေတို့ မျက်နှာကို နှပ်ချေးနဲ့ သုတ်နေတာလား။ ဝဋ်လည်ပါစေ …." ။ "သို့ ဆရာ … ၊ သမီး ဒီစာအုပ်ကို ဖတ်လိုက်ရတော့ ဆရာ ဘယ်လိုလုပ်ပြီး စာရေးဆရာဖြစ်လာမှန်း စဉ်းစားလို့ကို မရတော့ဘူး …." ။ ဒါတွေက မိန်းမဋီကာနဲ့ ပတ်သက်ပြီး ဆရာအကြည်တော်ကို မိန်းမထုကြီးက ပေးပို့တဲ့ မေတ္တာစာအချို့ဖြစ်တယ်။ ဒီ့ ထက်ဆိုးတဲ့ … ဥပမာ - ဆရာကြည် … ၊ အေးဆေးမနေဘဲ လာဖွတာလား တစ်လုံးစီခွဲပစ်လိုက်မယ် ဘာမှတ်လဲ ဆိုတဲ့ ခြိမ်းခြောက်စာမျိုးတွေတောင် အများကြီး ရှိသေးတယ်။ ဘာကြောင့်များ မိန်းမထုက မိန်းမဋီကာရေးလို့ ဆရာအကြည်တော်ကို မျက်မုန်းကျိုးကုန်ရတာလဲ။ မဟုတ်တမ်းတရားတွေ ရေးပြီး ပရိတ်သတ်ကို ရယ်မောစေတဲ့စာရေးဆရာက အခု ဘယ်လို မဟုတ်တမ်းတရားတွေများ ရေးလိုက်လို့ မိန်းမထုက ဒေါသူပုန်တွေ ထကုန်ကြတာလဲ။ သိချင်ရင်ဖြင့် ဝန်ဇင်းကနေ အလွယ်တကူ ငှားဖတ်နိုင်ပြီ ဖြစ်ပါကြောင်း …. ။