ဖရီးဝွီး

အကြည်တော်

အခမဲ့
ဒီစာအုပ်ဟာ ပြဇာတ်ကဖို့ ရေးထားတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်တဲ့။ ဒါကြောင့် ဒီဝတ္ထုကို စဖတ်ကတည်းက ပြဇာတ်လို မြင်ယောင်ကြည့်ပေးပါလို့ အကြည်တော်က ကြိုပြောထားတယ်။ ပြဇာတ်လို မဖတ်တော့ရော၊ ဘာဖြစ်မှာတဲ့လဲ။ ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့၊ သူ ပြောသလို ပြဇာတ်လို စိတ်ထဲ မြင်ယောင် ဖတ်ကြည့်မယ် ဆိုရင်တော့၊ ဒီစာအုပ်ကို သိပ် ကြွေသွားပါလိမ့်မယ်။ မကောင်းဘူး၊ မဖတ်နဲ့ဆိုပြီး တားလို့ရမှာကို မဟုတ်တော့ဘူး။ ဇာတ်လမ်းက ဒီလို။ အဘိုး ဖြစ်သူက သူ့ရဲ့ မြေး မောင်နှမ နှစ်ဦး မိုးထက်နဲ့ မိုးမြတ်ကို အမွေလွှဲချင်တယ်။ အကို မိုးထက်က ဂျယ်လီတောင် သူ့ လောက်မပျော့တဲ့ ခပ်ပျော့ပျော့ကောင်။ ညီမ မိုးမြတ်က တုံးဆိုခုတ် ကျားဆို ပြန်ဖြဲမယ့် သူ။ အမွေအားလုံး လွှဲပေးမှာက နှစ်ယောက်စလုံးကို မဟုတ်ဘူး။ မြေးနှစ်ယောက်ထဲက အရင်ဆုံး အိမ်ထောင်ပြုနိုင်တဲ့ သူကိုပဲ လွှဲမှာ။ အဲ့ဒါနဲ့ ဒီဇာတ်လမ်းထဲမှာ ဘယ်လောက်ထိ အလွဲအချော်တွေ ပေါ်လာမလဲ ဆိုတာကတော့၊ စာအုပ်ထဲမှာ ဆက်လက် ဖတ်ရှု ရယ်မောပါလို့။