ဘယ်သူသေသေ ကိုယ်မာချင်သည့် ငတေ

အထောက်တော်လှအောင်

700 Kyats ကျပ်
...“အခုတိုက်နေတဲ့ လေထဲမှာကို သေမင်းတမန် လာပါပြီ ဆရာရယ်၊ ကုလားအုတ်တွေတောင် အနံ့တွေ ရကုန်ကြပြီ၊ ဒါကြောင့် သူတို့အားလုံး အထိတ်တလန့် ဖြစ်နေကြတယ်” မက်စတာဖာကလည်း ခေါင်းမာမာဖြင့် ပြန်ပြောသည်။ “ဒီကောင်တွေခေါင်းကို စောင်နဲ့ အုပ်ထားလိုက်ကွာ၊ ဘာမှမမြင်ရရင် မက်ချင်တဲ့ အိပ်မက် မက်နေလိမ့်မယ်” “လုပ်ကြည့်ပြီးပါပြီ ဆရာရယ်၊ ခါချပစ်လို့ စောင်နှစ်ထည်တောင် သဲထဲမှာ ပျောက်ခဲ့ပါပြီ” ဟု မက်စတာဖာက ပြန်ပြောသည်။ “ဒါဖြင့်လည်း ဂန်ဂျာနည်းနည်း ကျွေးထားလိုက်၊ အလွန်အကျွံတော့ မကျွေးနဲ့၊ ငြိမ်သွားရုံလောက်ပေါ့” “အဲ့ဒါမှ နှစ်ရက်လောက် အိပ်ကုန်ကြမှာ” လှည်းသူကြီးဖောင်းအက်က မက်စတာဖာကို မော့ကြည့်သည်။ “အရေးမကြီးပါဘူးကွာ၊ ဒို့လည်း ဘယ်ကိုမှ သွားဦးမှာ မဟုတ်ပါဘူး” မက်စတာဖာသည် ရပ်မြဲရပ်နေ၏။ “အတိတ်နိမိတ်ကတော့ ဆိုးနေတုန်းပါပဲ ဆရာရယ်၊ ဒါထက် ဆရာကြီး အခြေအနေရော” “လူတော်လူကောင်းကြီးပါကွာ၊ ကောင်းကြောင်း ဆိုးကြောင်း ဘာမှ မပြောရှာပါဘူး၊ အချိန်ရှိသမျှ သူ့မိန်းမကိုပဲ ဂရုစိုက်နေတယ်၊ မက္ကာရှိရာဘက်ကိုလှည့်ပြီး ဆုတောင်းရတာလည်း အမောပဲ” ဟု ဖောင်းအက်က ပြန်ဖြေသည်။