ချစ်ခြင်းဖြင့် လင်းလက်စေ

အဆွေတော်

600 Kyats ကျပ်
လူငယ် ဇာတ်လမ်း ကြိုက်သူတွေ၊ ဝတ္ထုဖတ်ပြီး ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ချင်သူတွေ၊ ပေါ့ပေါ့ပါးပါး ဆိုပေမယ့်လည်း အချစ်နဲ့ ပတ်သက်ပြီး မသိမသာ လေးလေးနက်နက် အကြောင်းအရာ ပါတာမျိုးလေးတွေ၊ ဖတ်ချင်သူများအတွက် ဒီစာအုပ်က စိတ်ကျေနပ်မှု ရစေမှာပါ။ ဒီဇာတ်လမ်းထဲမှာ၊ လင်းလက်တို့ တသိုက်က ကျောင်းမှာထဲက ငါးယောက်ပေါင်း လောင်းကျော်လာတဲ့ သူငယ်ချင်းတွေ။ သူတို့ ငါးယောက်က အတွဲညီတယ်။ ပေါ့ပျက်ပျက်လည်း နေတယ်။ လေးလေးနက်နက် တွေးတယ်။ ဖတ်နေရင်းနဲ့ ဒီဇာတ်လမ်းဟာ လူငယ်တွေ ရင်ဘတ်နဲ့ ကိုက်ညီတဲ့ ဖီလင်မျိုး ခံစားရလိမ့်မယ်။ အဓိက,ကတော့ ချစ်ခြင်းနဲ့ ပတ်သက်လို့ပေါ့။ လင်းလက် အတွက် ချစ်ခြင်းက ဘယ်လိုလဲ။ သူတို့ ငါးယောက် အတွက်ရော။ ဇာတ်လမ်းလေးက ရယ်မောစေနိုင်သလို စဉ်းစားစရာလည်း ပေးနိုင်မှာပါ။