တစ်နာရီစာချုပ်

အိပ်မက်ကြယ်

600 Kyats ကျပ်
နာမည်က နေဓန။ ဓနလျှံ ကုမ္ပဏီရဲ့ အမွေဆက်ခံသူ ဖြစ်လာမယ့် စီအီးအိုတစ်ယောက်ပေါ့။ ငွေကြေးက ပြောစရာမလို၊ ရူပါက ဖြောင့်တယ်၊ တော်ရုံမိန်းကလေး အနားမကပ်ရဲတဲ့ ဟိတ်ဟန်မျိုး ရှိတယ်။ အေးစက်တယ်၊ သွေးအေးတယ်၊ တည်ကြည်တယ်။ ဒါပေမဲ့ နေဓနမှာ အရေးတကြီး လိုအပ်ချက်တစ်ခု ရှိနေတယ်။ အဲဒါကတော့ တစ်နေ့ကို တစ်နာရီ (မနက် ဆယ်နာရီကနေ ဆယ့်တစ်နာရီအထိ) သတို့သမီးအဖြစ် ဟန်ဆောင်ပေးဖို့ မိန်းကလေးတစ်ယောက်ကို ရှာနေတာပဲ။ အဓိကအကြောင်းကတော့ သတို့သမီး ရှိလာမှ မိဘတွေရဲ့ အမွေတွေကို နေဓန ဆက်ခံရမှာမို့ပဲ။ ဒီတော့ တစ်နာရီတိတိ သတို့သမီးအဖြစ် အလုပ်လုပ်ပေးမယ့် မိန်းကလေးကို ရှာဖွေတဲ့အခါ ခရမ်းစွဲဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ အပေးအယူမျှသွားခဲ့တယ်။ ဒီလောက်ဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ဆက်လက်ဖတ်ရှုဖို့ စိတ်ဝင်စားသွားလောက်ပြီ ထင်ပါတယ်နော်။ နေဓနနဲ့ ခရမ်းစွဲတို့ရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုရှေ့ဆက်မလဲ ဆိုတာကို သိချင်ရင်တော့ …