ပြည်ထောင်စုကို အသက်ပေးလို့ ကာကွယ်မယ်လေ စစ်ဝတ္ထုတိုနှင့် ဆောင်းပါးများ

အမ်းသျှမ်း (သျှိသျှားမြေ)

600 Kyats ကျပ်
တပ်မတော်သား စာရေးဆရာ အမ်းသျှမ်း (သျှိသျှားမြေ) ရဲ့ (၈) အုပ်မြောက် စာအုပ်လေးနဲ့ စာချစ်သူတို့ကို မိတ်ဆက်ပေးချင်ပါတယ်။ ‘ပြည်ထောင်စုကို အသက်ပေးလို့ ကာကွယ်မယ်လေ (စစ်ဝတ္ထုတိုနှင့် ဆောင်းပါးများ)’ ဆိုတဲ့အတိုင်း ဒီစာအုပ်ထဲမှာ တပ်မတော်သားတွေရဲ့ ဘဝသရုပ်၊ စစ်မြေပြင် အတွေ့အကြုံ ဖြစ်ရပ်တွေကို ဝတ္ထုတိုတွေအဖြစ်တစ်မျိုး၊ ဆောင်းပါးတွေအဖြစ်တစ်ဖုံ၊ သုတ ရသ စုံစုံလင်လင် ဖတ်ကြရမှာပါ။ အားကစား မြင်ကွင်းဂျာနယ်၊ မြဝတီသတင်းစာနဲ့ မြဝတီမဂ္ဂဇင်းတွေမှာ ဖော်ပြပါရှိခဲ့တဲ့ စာမူတွေ ပါသလို စာမူအသစ်တွေကိုလည်း ဖတ်ကြရမှာပါ။ ဗဟုသုတများစွာ၊ ရသမျိုးစုံကိုလည်း ခံစားကြရမှာပါ။ တပ်မတော် စစ်စည်းကမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ကိုယ်ကျိုးမဖက် စွန့်လွှတ် စွန့်စားကြသူများ၊ လွတ်လပ်ရေး မော်ကွန်းဝင် တံဆိပ်နဲ့ စစ်မှုထမ်းကောင်း တံဆိပ်အကြောင်းများ၊ ခွင့်မဲ့ပျက်ကွက် စစ်ပြေးစစ်သည်တွေရဲ့ ဖြတ်သန်းနေရတဲ့ ဘဝအခြေအနေတွေကို ရသစုံ ဗဟုသုတစုံ ဖတ်ကြရမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။