သရဲခြောက်တဲ့ အပင်ကြီး

အစိမ်းရောင်

200 Kyats ကျပ်
သစ်ပင်တွေဆိုတာ နာနာဘာဝ ပရလောကသားတွေရဲ့ ခိုမှီရာ ဘုံဗိမာန်။ မြန်မာပြည် အရပ်ရပ်က သစ်ပင်အမျိုးစုံမှာ ပရလောကသား အမျိုးစုံ နေထိုင်ကြတယ်ဆိုတာ ဇာတ်လမ်းတွေ၊ ပုံပြင်တွေ တော်တော်များများမှာ ကျွန်တော်တို့ ကြားခဲ့ရဖူးပါတယ်။ ဒီတစ်ခါ အစိမ်းရောင်ရေးတဲ့ သရဲဇာတ်လမ်းတစ်ပုဒ်က ‘သရဲခြောက်တဲ့ အပင်ကြီး’ တဲ့။ ရွာကလေးတစ်ရွာမှာ တကယ်ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်မှန်အခြေအနေတစ်ခုကို နောက်ခံပြုပြီး ရေးသားထားတဲ့ ဝတ္ထုလို့ ဆိုပါတယ်။ အဲဒီရွာကလေးမှာ ငွေတိုးချေးစားတဲ့ ဦးဖိုးထွေးဆိုသူ လူတစ်ယောက်ရှိတယ်။ ဦးဖိုးထွေးက ငွေမက်တယ်၊ လူတွေနဲ့ အပြောအဆို အဆက်အဆံ အပေါက်လမ်းမတည့်ဘူး။ မျက်နှာက ခပ်မာမာနဲ့ တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေတဲ့ ဟန်မျိုးဗျ။ တစ်ရွာလုံးက ငွေကြေး အဆင်မပြေသူတွေကလည်း သူ့ဆီကပဲ ငွေတိုးယူနေကြရတယ်လေ။ ဒီတော့ ဦးဖိုးထွေး အကြောမာတာပေါ့။ တစ်နေ့ ဦးဖိုးထွေးအိမ်ကို ဓားပြအတိုက်ခံလိုက်ရသတဲ့။ ရှိသမျှ အကုန်ပြောင်ရော။ ဦးဖိုးထွေးလည်း ရူးမတတ်ဖြစ်ပြီး အိမ်ရှေ့က အပင်ကြီးမှာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားတော့တယ်။ ဇာတ်လမ်းက အဲဒီမှာ စတာပဲ ခင်ဗျ။ မကြာခင်မှာပဲ ဦးဖိုးထွေး သတ်သေသွားတဲ့ အပင်ကြီးဟာ သရဲခြောက်တဲ့ အပင်ကြီးအဖြစ် နာမည်ထွက်လာတော့တာပဲ။ ကဲ … ဖတ်ကြည့်ပါဦး။ ဦးဖိုးထွေးသရဲ ဘယ်လို ခြောက်သလဲ ဆိုတာ၊ ဦးဖိုးထွေးသရဲ ဘယ်လိုဒုက္ခပေးသလဲ ဆိုတာ၊ ဖတ်ရတာ ထိတ်လန့်စရာပါပဲ။