လူသားစားတဲ့ အကောင်ကြီး

အစိမ်းရောင်

300 Kyats ကျပ်
သွေးပျက်ထိတ်လန့်စရာ ဇာတ်လမ်းမျိုးကို ဖတ်ချင်သူတွေအတွက် ဖတ်ရင်းဖတ်ရင်း ကျောထဲ စိမ့်ခနဲ၊ အေးခနဲ၊ ကြက်သီးတဖြန်းဖြန်း ခံစားကြရမယ့် ဇာတ်လမ်းတစ်ပုဒ်။ လူသားစားတဲ့ အကောင်ကြီး … တဲ့။ ဇာတ်တူသား စားလို့ အားပြတ်ပျက်စီးခဲ့တဲ့ ဟင်္သာကိုးသောင်းဇာတ်ကို မှတ်မိမယ် ထင်ပါတယ်။ ဒါ့အပြင် ပေါရိသာဒဆိုတဲ့ လူသားစား လူရမ်းကားကြီးတစ်ဦးအကြောင်းလည်း ကြားဖူးကြမယ် ထင်ပါတယ်။ လူအသားရဲ့ အရသာထူးကို မိန့်မိန့်မူးမူး စားမိကြတဲ့အခါ ဒီအရသာကို စွဲမက်ခဲ့ကြပြီး နောက်ဆုံးမှာတော့ ဇာတ်တူသားစားမှုရဲ့ ပြဿနာတွေကို ဘယ်လို ကြုံဆုံရမလဲဆိုတာကလည်း စာဖတ်သူကို တုန်လှုပ်စေမှာ အသေအချာ။ အဖြစ်အပျက်တွေက အံ့အားသင့်စရာ၊ သံဝေဂရစရာပါပဲ။ ဇာတ်လမ်းအကြောင်းကိုတော့ အများကြီး ကြိုမပြောတော့ဘူးနော်။ မမျှော်လင့်ဘဲ လူသားစားမိတဲ့ လူတစ်ယောက်ရဲ့ ချောက်ချားစရာ ဘဝအဖြစ်အပျက်တွေကို ရင်တထိတ်ထိတ် ခံစားကြည့်ပါဦး။