တော်ဝင်မိန်းမ

သျှင်မ

1500 Kyats ကျပ်
ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရပြီး ဦးလေးရဲ့အိမ်မှာခိုကပ်နေရတဲ့ ခူးပန်ရွယ်။ ဦးလေးရဲ့ မိန်းမဖြစ်သူကလည်း သူ့ကို မကြည်ဘူး။ အိပ်စရာနေရာပေး၊ ထမင်းကျွေးရုံနဲ့ တစ်အိမ်လုံးရဲ့ခိုင်းဖက် ဖြစ်ခဲ့ရတဲ့နောက် ခူးဟာ ငါ့ဝမ်းပူဆာ မနေသာဆိုကာ ခါးပိုက်နှိုက်၊ အလစ်သုတ်တာတွေလုပ်လာပြီး ခပ်ဆိုးဆိုး မိန်းကလေးဖြစ်လာခဲ့ရတယ်။ နောက်ပိုင်း မိသားစုကိုပစ်၊ နောက်အိမ်ထောင်ပြု ချမ်းသာနေတဲ့ အဖေက ခေါ်တယ်ဆိုပြီး ခူးကို ဦးလေးရဲ့ မိန်းမက လိမ်ညာလွှတ်လိုက်တယ်။ ငယ်စဉ်ကတည်းက စွန့်ပစ်သွားခဲ့သူ၊ ဘယ်လိုပုံပန်းရှိမှန်း မမှတ်မိတော့တဲ့ ဖခင်ဖြစ်သူရဲ့ ပစ္စည်းဥစ္စာတွေကို အရယူဖို့ ရည်ရွယ်ချက်နဲ့ တစ်ခါမှမရောက်ဖူးတဲ့ အစိမ်းသက်သက်နယ်မြို့လေးတစ်မြို့ကို ခူး သွားခဲ့တယ်။ ဖခင်ရှိရာ နယ်မြို့ဆီကိုထွက်လာရင်း စီးလာတဲ့ကားပေါ်မှာ ခူး ခါးပိုက်နှိုက်တာကို မြင်သွားတဲ့ ဦးကို ဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ စတွေ့ရာကနေ ဒီဝတ္ထုဟာ စပြီးအသက်ဝင်လာတော့တာပါပဲ။ ချစ်ခြင်းမေတ္တာဆိုတာ ဘာမှန်းမသိတဲ့ ခူး၊ အသက်ရှင်ဖို့ ငွေသာလျှင် အဓိကလိုအပ်ချက်လို့ထင်တဲ့ ခူးနဲ့အတူ ဖခင်ဖြစ်သူရယ်၊ မိထွေးဖြစ်သူရယ်၊ အဖေတူအမေကွဲ ညီမလေးရယ်၊ ခူးကို တစ်စက်ကလေးမှ ကြည့်မရသော၊ ခူးက အလွန်မုန်းသော မယားပါသားရယ်... သူတို့တွေ ဘယ်လိုယှက်နွယ်ပြီး ဘယ်လိုအရာတွေကို ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ ဆရာမသျှင်မရဲ့ 'တော်ဝင်မိန်းမ' ဝတ္ထုထဲမှာ အခုပဲဖတ်ရှုလိုက်ကြပါတော့ဗျို့။