အတိဿရ ရင်ခွင်

သျှင်မ

900 Kyats ကျပ်
နာမည္က ျပဒါး။ လူက ဂျစ်ကန်ကန် ဆန်တယ်။ လောကမှာ ဖြစ်ရာအခြေအနေ ဖြစ်သလို နေတတ်တယ်။ လူတွေကိုလည်း ထီမထင်သလိုလို၊ ဂရုမစိုက်သလိုလို စတိုင်နဲ့။ ဒီလိုဖြစ်တာလည်း မဆန်းပါဘူး။ ပြဒါးဆိုတာ လူချမ်းသာ မျိုးရိုးက မွေးလာခဲ့ပေမဲ့ ငယ်ငယ်ကတည်းက အစွန့်ပစ်ခံလေ။ ဦးလေး မိသားစုကပဲ ပြဒါးကို ကျွေးမွေးစောင့်ရှောက်လာခဲ့တာ။ ‘နာမည်ကိုက ဂြိုဟ်ဆိုးနာမည်။ ပြနဲ့ ဒါးကြား ဿတစ်လုံးသာ ထည့်လိုက်ရင် ပြဿဒါးကောင် ဖြစ်သွားမှာ’ ဆိုတဲ့ အဒေါ်ဖြစ်သူရဲ့ စကားက ပြဒါးအတွက် ကြားနေကျ ဓာတ်ပြားဟောင်းကြီး ဖြစ်နေပါပြီ။ ခဏခေါ်ထိန်းထားပေးပါ ဆိုပြီး ပြဒါးကို ဒီမိသားစုထဲ စွန့်ပစ်ခဲ့ကြတဲ့ အသိုင်းအဝိုင်းကိုလည်း ပြဒါးက နာကြည်းတယ်။ တစ်နေ့ … နေသူရာရှိန်ဆိုတဲ့ လူတစ်ယောက် ပြဒါးဆီ ရောက်လာခဲ့ပြီး ပြဒါးရဲ့ ဘဝကို အပြောင်းအလဲ ဖြစ်စေမယ့် အကြောင်းကိစ္စတစ်ခု ပြောခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ပြဒါးရဲ့ ဘဝအရှုပ်အထွေးတွေနဲ့ အချစ်ဇာတ်လမ်းကို စာချစ်သူတို့ အကြိုက်တွေ့ကြမှာပါ။ ဖတ်ကြည့်ပါဦးနော်။