သက်ဆက်နှင်းချင်

သျှင်မ

900 Kyats ကျပ်
>> အမှတ်တမဲ့ဆုံ တွေ့ခဲ့ရာကနေ အမှတ်တရ ဖြစ်သွားဖူးလား ? ဘယ်ကမှန်းမသိတဲ့ လူနှစ်ယောက်၊ တစ်ယောက်ကိုတစ်ယောက် တစ်ခါမှမမြင်ဖူးတဲ့ လူနှစ်ယောက် မထင်မှတ်ပဲ ဆုံစည်းရာကနေ အမှတ်တရဖြစ်ပြီး စိတ်ဝင်စား၊ ရင်ခုန်သွားတတ်ကြတာပဲလေ။ လူလူလို့ သူငယ်ချင်းတွေက ချစ်စနိုးခေါ်တဲ့ လူရည်ချွန်နဲ့ တိုင်းနိုင်ငံတို့နှစ်ယောက်လည်း ဒီလိုပဲ။ သူတို့ တွေ့ဖြစ်ပုံက တိုင်းနိုင်ငံရဲ့ ဧည့်ခံပွဲမှာ လူလူက သူ့အကိုတွေ သူ့ကိုတွေ့သွားပြီး အဆူခံရမှာစိုးလို့ စားပွဲအောက်ဝင်ပုန်းနေတုန်းပေါ့။ လူလူကလည်း တိုင်းနိုင်ငံရဲ့ ထိုင်ခုံအနားမှာ သွားပုန်းတာကိုး။ >> ဆတ်ဆတ်ကြဲခေတ်သမီးပျို၊ ကိုယ်မှန်တယ်ထင်တာကို လုပ်တတ်သူ၊ ဖြူစင်သူ လူလူနဲ့ နာမည်ကြီးစီးပွားရေးလုပ်ရှင် တိုင်းနိုင်ငံတို့ရဲ့ အမှတ်တရက အဲဒီကနေစတာပဲ။ နောက်ပိုင်းမှာတော့ ခန့်မှန်းလို့မရတဲ့ ဇာတ်လမ်းက လက်မချတမ်းကို ဖတ်လို့ကောင်းနေပါလိမ့်မယ်။