ဘာကိုတိုင်တည်စေချင်သလဲ

သျှင်မ

900 Kyats ကျပ်
>> မိသားစု အရှုပ်အထွေးတွေကြောင့် စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်တက်ရင်း တစ်ဖက်မှာလည်း ပိုက်ဆံရှာနေရတဲ့ ‘မင်းဆက်ပဏ္ဍာ’။ နာမည်ကြောင့် ယောက်ျားလေးလို့ မထင်လိုက်နဲ့နော်၊ သူက တော်တော်ကိုလှတဲ့ မိန်းကလေးတစ်ယောက်။ ဒါပေမဲ့၊ နုနုရွရွ ရုပ်သွင်ကလေးနဲ့မှ မလိုက် ... မနက်ပိုင်း ကွန်ပျူတာစင်တာမှာ အချိန်ပိုင်းနည်းပြလုပ်၊ ညနေပိုင်းဂိုက်သင်ရင်း ပင်ပင်ပန်းပန်း ငွေရှာနေရတယ်။ အခုလည်းဆယ်တန်းသုံးနှစ်ကျထားတဲ့ ‘သတ္တိကောင်းကင်’ ဆိုတဲ့ ခပ်ဆိုးဆိုး ဂျစ်ကန်ကန်နိုင်တဲ့ ကောင်လေးကို ဂိုက်သွားသင်ပေးရမယ်။ >> ဇာတ်လမ်းက အဲဒီမှာ စတာပေါ့။ လုပ်ချင်ပြီဆိုရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လုပ်တတ်တဲ့ ‘သတ္တိကောင်းကင်’ နဲ့ မိန်းကလေးမာနကြီးတဲ့ ‘မင်းဆက်ပဏ္ဍာ’။ ငွေကြေးချမ်းသာသူနဲ့ ငွေကြေးချို့တဲ့သူ။ တပည့်နဲ့ ဆရာမကြားမှာ ဘယ်လိုရင်ခုန်သံတွေ ဖြစ်တည်လာမလဲ ? ဂျစ်ကန်ကန်ကောင်ကလေးကရော ချစ်ခြင်းမေတ္တာတွေကြောင့် နူးညံ့သိမ်မွေ့သွားမလား ဆိုတာ ... သျှင်မရဲ့ ဝတ္ထုထဲမှာ မျောပါလိုက်ကြရအောင်