ဒဿရဲ့ဂီတ

သျှင်မ

1500 Kyats ကျပ်
ဒဿရဲ့ဂီတ !!! ဇာတ်လမ်းက အရမ်းရိုပြီး အီစိမ့်နေတာပဲတို့ဘာတို့ကို ဖတ်ရတာ နည်းနည်းရိုးလာပြီဆိုရင် ဒီဝတ္ထုကိုသာ ဖတ်ကြည့်။ ဇာတ်လမ်းက အက်ရှင်ဒရာမာ။ အချစ်ဇာတ်လမ်းကို အက်ရှင်ရုပ်ရှင်တစ်ကားလို မြင်နေရမှာဆိုတော့ အရမ်းမိုက်တယ်။ ❤️ အချစ်ဆိုတာ သင်္ချာပုစ္ဆာမှမဟုတ်တာ၊ တစ်ယောက်ယောက်က သတ်မှတ်စီရင်ပေးခွင့်ရှိတဲ့ အရာလည်း မဟုတ်ဘူး၊ အချစ်က အလိုအလျောက်ကူးစက်တာ၊ ကိုယ် မင်းအပေါ်မှာ ချစ်နေတယ်၊ အဲဒီအချစ်ကမှန်ရင် မင်းဆီ ကူးစက်မှာပဲ၊ အဲဒီအတွက် ကိုယ်ဘယ်လောက် ချစ်ပါတယ်လို့ ဘယ်တော့မှ သက်သေပြမှာ မဟုတ်ဘူး ❤️ အဲဒီလိုပြောလို့ "မင်းမြတ်စည်" ဆိုတာ သိပ်နုနေတယ် မထင်လိုက်နဲ့။ စိတ်ကြမ်း၊ ကိုယ်ကြမ်းပဲ။ အလုပ်နဲ့ပတ်သက်ရင် စည်းစနစ်ကြီးတယ်၊ အားမနာတတ်ဘူး။ သတ်ဖို့ဖြတ်ဖို့လည်း နည်းနည်းမှ ဝန်မလေးဘူး။ အရိုင်းစည်လို့ နာမည်ကြီးပြီး ဘီလူးလို ခက်ထန်တဲ့လူပေါ့။ ဒီဝတ္ထုကလည်း သူ့ကြောင့် ဖတ်ရတာ ပိုပြီးအသက်ဝင်နေသလိုပဲ။