ထီးကလေးတစ်ချောင်းပဲလိုပါတယ်

သျှင်မ

800 Kyats ကျပ်
❣️ ဆောင်းသခင်ဆိုတာ ထူးချွန်ထက်မြက်တဲ့ စီးပွားရေးသမားတစ်ယောက်။ မိသားစုကလည်း ကျိကျိတက် ချမ်းသာတယ်။ သူ့အဖေက သူ့ကို မြင့်မြတ်ကလျာဆိုတဲ့ မိန်းကလေးနဲ့ လက်ထပ်စေချင်နေတာ။ ဒါပေမဲ့ သခင်က ကလျာ ကိုမကြိုက်သလို၊ စိတ်ဓာတ်ကိုလည်း သဘောမကျဘူးတဲ့လေ။ တိုက်ဆိုင်ချင်တော့ သူတို့ယာဉ်မတော်တဆမှု ဖြစ်သွားပါတယ်။ ❣️အဲဒီမှာ သခင့်ရဲ့ လှည့်ကွက်တစ်ခုက၊ သူငယ်ချင်းဆရာဝန် အကူအညီနဲ့ မျက်စိကွယ်ချင်ယောင်ဆောင်လိုက်တယ်။ အဲဒီအခါ ကလျာဘက်က ခွာလာတာပေါ့။ ဒါပေမဲ့ သခင်ရဲ့ စည်းစိမ်ကိုမက်တော့ ထီးကလေးဆိုတဲ့ ရိုးသားတဲ့ ကလေးမလေးနဲ့ သခင့်ကို မြှူဆွယ်ဖို့ အစီအစဉ် ချပါလေရော။ အဲဒီကစပြီး ဇာတ်လမ်းက အရှိန်တက်တော့တာပဲ။ စိတ်ထားမကောင်းတဲ့ ကလျာတို့မိသားစု၊ ဖြူစင်တဲ့ ထီးကလေးနဲ့ သခင်တို့ရဲ့တိုက်ပွဲ။ ဘာဆက်ဖြစ်မလဲ၊ ဘာဆက်ဖြစ်မလဲနဲ့ အရမ်း စိတ်ဝင်စားဖို့ကောင်းတာကြောင့် တင်ပေးလိုက်ပါပြီ။ ဖတ်ကြည့်ဦးနော် !