ရင္ကြဲဂီတ

သျှိုး

700 Kyats ကျပ်
ငယ်စဉ်ကတည်းက မိဘတွေ စွန့်ပစ်ခံခဲ့ရပေမဲ့ ဦးကျော်ဇင်ဆိုတဲ့ လူတစ်ယောက်က မွေးစားခဲ့လို့ ဘဝကလေး အေးချမ်းရုံရှိသေး၊ ဦးကျော်ဇင် ရုတ်တရက် ကွယ်လွန်သွားတဲ့အခါ ကျန်တဲ့ မိသားစုဝင်တွေက အလိုမရှိတော့လို့ ဒုက္ခပင်လယ်ဝေနေရတဲ့ မနောဖြူဆိုတဲ့ ကလေးမ။ သူ့အသက်က ဆယ့်လေးနှစ်။ ကျောင်းသူအရွယ်။ လူတစ်ယောက်ရဲ့ တာဝန်ကို မယူချင်ကြတဲ့ ဆွေမျိုးတွေက မနောဖြူကို စောင့်ရှောက်ဖို့ ဘယ်သူမှ ခေါင်းမညိတ်ကြဘူး။ ကံဆိုးလွန်းတဲ့ ဒီကောင်မလေးကို လက်ခံစောင့်ရှောက်မယ့် ဆွေမျိုးတစ်ယောက် ပေါ်လာတဲ့အခါမှ မနောဖြူဘဝလေး အတန်ငယ် အေးချမ်းခဲ့ရတယ်။ ဒီလို ဒုက္ခပင်လယ်ဝေခဲ့တဲ့ မနောဖြူရဲ့ ဘဝလေးထဲ ချစ်ဦးမောင် ဆိုတဲ့ ဖြူစင်အေးချမ်းတဲ့ သူငယ်ချင်းလေးတစ်ယောက် ရောက်ရှိလာတဲ့နောက်မှာတော့ … ရင်ခုန် စိတ်လှုပ်ရှားစရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် နိဒါန်းပျိုးလာခဲ့ပါတော့တယ်။ ရင်ကွဲဂီတဟာ မနောဖြူအတွက်လား၊ ချစ်ဦးမောင်အတွက်လား၊ ဒါမှမဟုတ် ဘယ်သူ့အတွက် ဘယ်သူက တီးခတ်မယ့် ဂီတတစ်ပုဒ် ဖြစ်မလဲဆိုတာ … ။