ရွှေမင်းသမီးရဲ့ဇာတ်ပို့

သျှင်မ

900 Kyats ကျပ်
ခမ်းနားကြီးကျယ်လှတဲ့ ပိုင်ဆိုင်မှုတွေ၊ များပြားလှတဲ့ ကြွယ်ဝမှုတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ အမွေဆက်ခံ စိုးစံခွင့်ရှိတဲ့ ‘လရိပ်ဆောင်း’ ဟာ တကယ့်ကို ဧကရီရွှေမင်းသမီးလေးတစ်ပါးပါ။ ဒါပေမယ့် တိမ်းပါးသွားပြီဖြစ်တဲ့ မိဘနှစ်ပါးက အကြင်နာပို၊ အယုအယလွန်ခဲ့တာမို့ လရိပ်ဆောင်းဟာ ဘဝအတွေ့အကြုံ၊ ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်း အတွေ့အကြုံတွေ လုံးဝမရှိတဲ့ တကယ့်ကို ပကတိအဖြူထည် သိမ်သိမ်မွေ့မွေ့လေး သက်သက်ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့်ပဲ ဧကရီရွှေမင်းသမီး ဖြစ်သော်ငြား မိဘတွေရှိစဉ်က အနေဝေးခဲ့တဲ့ အဒေါ်ဖြစ်သူရဲ့ အုပ်ထိန်းမှုကို ခံယူရဖို့ ဖြစ်လာခဲ့ပါတယ်။ ‘သဝန်’ ဆိုတဲ့ ကောင်လေးဟာ အပြင်ပန်းကြည့်မယ်ဆိုရင်တော့ ဂျစ်ဂျစ်တစ်တစ်လူငယ်တစ်ယောက်ပါ။ ဒါပေမယ့် သူ့မှာ ဖြူစင်ရိုးသားတဲ့ စိတ်ကလေးရှိသလို၊ မဟုတ်မခံစိတ်ကလေးကလည်း ရှိပါတယ်။ ဒီမဟုတ်မခံစိတ်ကြောင့်ပဲ သဝန်ဟာ ဒေါသမုန်းတိုင်းပြင်းထန်တဲ့ လူငယ်လေးတစ်ယောက် ဖြစ်နေရပြန်ပါတယ်။ ဒီလို စရိုက်သဘာဝခြင်း မတူညီတဲ့ ရွှေမင်း သမီးလေး လရိပ်ဆောင်းအတွက် သဝန်ဆိုတဲ့ လူငယ်လေးဟာ ဘယ်အပိုင်းဘယ်အခန်းကဏ္ဍမှာ ဘယ်လိုပုံစံပါဝင်မလဲ ဆိုတာကို ဆရာမသျှင်မရဲ့ ရေးဖွဲ့မှုမှာ စီးမျောကြည့်ရင်း အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ခံစားသက်ဝင်နိုင်ဖို့ တင်ပြ လိုက်ရပါတယ်။