အနီရောင်ရင့်ရင့် ကောင်းကင်

သျှင်မ

900 Kyats ကျပ်
မာယာစံအိမ်ကြီးထဲက အိမ်တွင်းရေး အရှုပ်တော်ပုံအကြား မာယာစံအိမ်ရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါးစလုံးမှာ အခွင့်ထူး အခွင့်ကောင်းတွေ မရရှိခဲ့တဲ့ အမေ့ခံ ကောင်မလေးနာမည်က ‘မေ့’ ။ သနပ်ခါး ပါးကွက်ကြားလေးနဲ့ မေ့က ယောက်ျားတွေကို ဘယ်တုန်းကမှ မယုံကြည်ခဲ့သူ။ မာယာစံအိမ်ကြီးဆီ မေ့ ရောက်လာတဲ့အခါ သမိုင်း ဆိုတဲ့ အဲဒီအိမ်ကြီးရှင်ရဲ့ သားနဲ့ ထိပ်တိုက်တွေ့တော့တာပဲ။ မိုင်းလို့ ခေါ်တဲ့ သမိုင်းက မိန်းမဆိုတာ ရိုက်သတ်လို့ မကုန်ဘူးလို့ အမြဲပြောလေ့ရှိသူ။ ယောက်ျားတွေကို အထင်မကြီးတတ်၊ မယုံတတ်တဲ့ မေ့နဲ့ မိန်းမတွေကို တန်ဖိုးမထား အလေးအနက်မရှိတဲ့ မိုင်းတို့ ဆုံတွေ့တဲ့အခါ … မာယာစံအိမ်ရဲ့ အရှုပ်တော်ပုံနဲ့အတူ သူတို့ရဲ့ နှလုံးသား အရှုပ်တော်ပုံအကြား ချစ်ခြင်းတရားဟာ အနီရောင်ရင့်ရင့် ကောင်းကင်တစ်ခုလို မှိုင်းအုံ့သွားမလား။ ဒီကြားထဲမှာ မိုးရေ ဆိုတဲ့ နာမည်ကျော် အဆိုတော်တစ်ယောက်ပါ မေ့ဘဝထဲ ထပ်မံဝင်ရောက်လာပြန်တော့ မိုင်းတစ်ယောက် မေ့အတွက် မိုးရေကို ဘယ်လို သဘောထားပြန်လေမလဲ။ ဆရာမ သျှင်မရဲ့ ရေးဟန်အတိုင်း ဇာတ်လမ်းဇာတ်အိမ် အလှည့်အပြောင်း အချိုးအကွေ့တွေက စိတ်ဝင်စားစရာမို့ လက်ကမချနိုင်အောင် ဖတ်ရှုရမယ့် အချစ်ဇာတ်လမ်းကောင်း တစ်ပုဒ် ဖြစ်ပါတယ်။