ပဉ္စလက်မောင်မောင်နှင့် အသူရာတောင်ခရီး

သုဓနု

အခမဲ့
"အသီးမှာသရက်၊ အသားမှာဝက်၊ အရွက်မှာလက်ဖက်၊ စုံထောက်မှာအိုင်အိုလွမ်းနောင်၊ ခေတ်သစ်သိုက်ဆရာမှာ ပဉ္စလက်မောင်မောင်" လျှို့ဝှက်ဆန်းကြယ် အံ့သြဘနန်း စွန့်စားခန်း ဇာတ်လမ်းမျိုးကိုမှ ဖတ်ချင်ပါတယ်ဆိုတဲ့ စာချစ်သူတို့အတွက် လူထူးဆန်းကြီး ပဉ္စလက်မောင်မောင် လာပါပြီ။ သူဟာ မောင်မောင်တော့ မောင်မောင်ပါပဲ။ တခြားသော လောကမှာ ရှိကြတဲ့ မောင်မောင်တွေနဲ့ မတူတာက မြန်မာပြည်သူပြည်သားတွေ တိုးတက်ကြီးပွားစေဖို့ အသက်ကို ပဓာနမထားဘဲ စွန့်စားရဲ၊ သေရဲ၊ သတ်ရဲတဲ့ လူစွန့်စား ပဉ္စလက်မောင်မောင်ပါ။ ဆရာသခင် ရသေ့ကြီးရဲ့ ပညာသင်ကြားမှုတွေကို လက်ဝယ်ပိုင်ပိုင်ရပြီး ပညာရပ်မျိုးစုံကို ကျွမ်းကျင်နိုင်နင်းသူတစ်ယောက်ပါ။ ဟိမဝန္တာ၊ အသူရာတောင်ပေါ်မှာရှိတဲ့ ကျောက်ဂူထဲက လျှို့ဝှက်နက်နဲတဲ့ ပညာရပ် (၁၀) မျိုးပါဝင်တဲ့ သီရိသောဒဿရွှေရောင်ပုရပိုက်ကို မာဒင်္ဂဂိုဏ်းနဲ့ မနောမယဂိုဏ်းလက်ထဲကနေ စွန့်စွန့်စားစား ရယူဖို့ သက်စွန့်ဆံဖျား စွန့်စားခဲ့တဲ့ ပဉ္စလက်မောင်မောင်။ အများအကျိုးအတွက်ဆို ကိုယ့်အသက်ကို စွန့်လွှတ်ဖို့ ဝန်မလေးတဲ့ ပဉ္စလက်မောင်မောင်နဲ့အတူ၊ ချစ်သူစောနန်းနွယ်ကို ဆုံးရှုံးလိုက်ရလို့ စိတ်လေလွင့်နေတဲ့ ကိုအောင်ချစ်၊ စွန့်စားဝံ့တဲ့ ကရင်လူမျိုး စောလူ၊ သစ္စာရှိတဲ့ ဂေါ်ရခါးလူမျိုး မာကူဂျီ၊ တစ်ဘဝမှာ တစ်ယောက်သာချစ်ခဲ့ရတဲ့ ချစ်သူ မယဉ်နွယ်အတွက် လက်စားစေချင်နေတဲ့ ရဝမ်လူမျိုး လမ်းပြမုဆိုးလေး ထလျန်းတို့ ပေါင်းစည်းမိကြတဲ့အခါ....