ဆောင်းပါးပေါင်းချုပ်

သိပ္ပံမှူးတင်

800 Kyats ကျပ်
အရှေ့တောင်အာရှရဲ့ တစ်ဦးတည်းသော ဆေးလိပ်ဆန့်ကျင်ရေးဆုရှင်၊ သုတစွယ်စုံ တစ်သက်တာ စာပေဆုရှင်၊ ဆရာကြီး သိပ္ပံမှူးတင်ရဲ့ ဆောင်းပါးပေါင်းချုပ်စာအုပ်ဆိုတော့ စာချစ်သူတို့အတွက် သုတစုံလင်စေမယ့် စာအုပ်ကောင်းတစ်အုပ်ဆိုတာ အထူးအထွေ ပြောနေစရာ မလိုလောက်တော့ပါဘူးနော်။ အထူးသဖြင့် ဆရာကြီးရဲ့ အားသာရာ သိပ္ပံဆောင်းပါးတွေကို အားရပါးရ ဖတ်ကြရမှာ ဖြစ်ပါတယ်။ ရုပ်ရှင်နှင့် သိပ္ပံ၊ ဆက်သွယ်မှု တော်လှန်ရေး၊ အာကာသယာဉ်မှူးများ အသက်ကယ်ရေး၊ စိတ်ဟူသည့် တပ်အား၊ ငါးမွေးမြူရေး၊ တိုက်ချင်းပစ် ဒုံးပျံစစ်ပွဲ၊ ဦးနှောက်နှင့် လျှပ်စစ်၊ နွားနို့ သမဝါယမ၊ စက်မှုလယ်ယာ၊ ဒေါက်တာရမ်းပြင်မလိုပြီ၊ သက်ရှိရုပ်ကြွင်း၊ လုပ်သားနှင့် လက်မှုကိရိယာ၊ သူတို့ သမဝါယမ၊ ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါရေတန်း၊ ယုယရမည့် ဘတ္ထရီအိုး အပါအဝင် သိပ္ပံနဲ့ လူမှုဝန်းကျင်ဆိုင်ရာ ဆောင်းပါးပေါင်း (၃၇) ပုဒ်တိတိ ပါဝင်ပါတယ်ခင်ဗျ။