ကောင်မလေးတစ်ယောက်ကိုချစ်မိရင်

သဉ်ဇာမိုးဦး

500 Kyats ကျပ်
နေခွန်း က ခပ်ရှုပ်ရှုပ်၊ ခပ်ပွေပွေ ကောင်လေး။ ဒါကြောင့်လည်း အဘွားဖြစ်သူက သူ့ကို အိမ်ထောင်ချပေးဖို့ ကြိုးစားနေတာ။ နောက်တစ်ယောက်က အစ်ကိုဖြစ်သူ နေသူရ။ သူကတော့ တည်တည်ငြိမ်ငြိမ် နေထိုင်တတ်သူပါ။ ဒီလိုနဲ့ သူတို့အိမ်မှာ အသိမိတ်ဆွေတွေရဲ့ သမီးဖြစ်သူ ဟန်နေခြည်နဲ့ ပန်းနုဆိုတဲ့ မိန်းကလေးနှစ်ယောက်က လာနေဖို့ဖြစ်လာတယ်။ နေခွန်းနဲ့ ခပ်သွက်သွက်ရှိတဲ့ ဟန်ကတော့ တစ်စက်ကလေးမှကို မတည့်ပါဘူး။ ဒါပေမဲ့ နေခွန်းက ပန်းနုကိုတော့ မြင်မြင်ချင်း ရင်ခုန်မိတယ်တဲ့။ ဟန်ကလည်း နေသူရကို သဘောကျမိတဲ့ ပုံစံရှိနေပြန်တယ်။ ခက်တာက နေခွန်းဟာ ဟန်တစ်ယောက် နေသူရနဲ့ စကားပြောပြီး ပြုံးနေတာကိုမြင်ရင် စိတ်ထဲအလိုမကျ ဖြစ်နေပြန်တယ်။ ဒီလို သူတို့လေးယောက်ရဲ့ ယှက်နွယ်မှုကို မထင်မှတ်ထားတဲ့ Plot Twist တွေနဲ့အတူ ဝတ္ထုထဲမှာ ဖတ်ရှုရမှာပါ။