သရဲပွဲတော်ည

သတိုးတဇေ

800 Kyats ကျပ်
>> အပျော်သဘောနဲ့ စနောက်ခြောက်လှန့်ကြတယ်ဆိုတာ ရယ်စရာ၊ ပျော်စရာအရမ်းကောင်းပေမယ့် အတိုင်းအတာတစ်ခုအထိပဲရှိသင့်ပါတယ်။ အလွန်အကျွံ စနောက်မိရင် တစ်ဖက်သားထိခိုက်နိုင်သလို၊ မလိုလားအပ်တဲ့ ပြဿနာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒီစာအုပ်ထဲမှာ မေဇွန်ဆိုတဲ့ ကောင်မလေးက အသည်းအရမ်းငယ်တတ်တယ်။ တစ်ခုခုဆို အရမ်းကြောက်တတ်တယ်၊ လန့်တတ်တယ်။ >> ဒါကိုသိတဲ့ ဇေယျာနဲ့မျိုးခိုင်က သူ့ကို အမြဲတမ်း စနောက်ခြောက်လှန့်နေတတ်တယ်။ အရမ်းစတော့ မေဇွန်အတွက် ရှက်စရာတွေ၊ နစ်နာတာတွေ ဖြစ်လာတယ်။ မေဇွန်ရဲ့စိတ်ထဲမှာလည်း အမြဲတွေးနေတာ ရှိပါတယ်။ သူ့ကိုကြောက်အောင် ခြောက်လှန့်တဲ့လူတွေအကုန်လုံးကို လက်စားပြန်ချေမယ်ဆိုပြီးတော့ပေါ့။ ဒီလိုနဲ့ သူတို့တွေ သရဲပွဲတော်ညကို ရောက်တဲ့အခါမှာတော့ … ဘယ်လောက်အထိ ကြက်သီးထစရာတွေ၊ စိတ်ဝင်စားစရာတွေ ဖြစ်လာမလဲ ?