ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ

သတိုးတဇေ

800 Kyats ကျပ်
‘သတိုးတေဇ’ ဆိုတာ ကလောင်နာမည် ဖတ်လိုက်ရုံနဲ့ ကြက်သီးထ ကျောချမ်းသွားစေလောက်တဲ့ စာရေးဆရာပါ။ ရေးလိုက်တဲ့ စာအုပ်တွေကလည်း၊ စာအုပ် ထိလိုက်တာနဲ့ ခေါင်းပေါ်က ဆံပင်တွေ ထောင်သွားမတတ်ပဲ။ ချောက်ချောက်ချားချား နဲ့ လူကို ထိတ်လန့်သည်းဖို ဖြစ်အောင် ဇာတ်လမ်းဆင် ရေးသားနိုင်စွမ်း ထက်ပုံကတော့ ဒီစာအုပ်ကို ဖတ်လိုက်တာနဲ့ အော်တို ဝန်ခံပြီးသား ဖြစ်သွားလိမ့်မယ်။ စာဖတ်သူ အခု ထိုင်နေတဲ့ နေရာ ပတ်ဝန်းကျင်မှာ ရုတ်တရက် လေငြိမ်သွားတယ်။ ကြားနေရတဲ့ အသံတွေ အားလုံး တိခနဲ တိတ်ဆိတ်သွားတယ်။ အဲ့ဒီလိုမျိုး ကိုယ့်ဘေးက အရာအားလုံး မှောင်မည်း တိတ်ဆိတ်နေချိန်၊ ဗြုန်းဆို နှာခေါင်းထဲ အပုပ်နံကြီး ရလာရင် ဘယ်လိုလုပ်မလဲ ? ဒီစာအုပ်ထဲက ဘိုးလေးစိန်သောင်းရဲ့ အဖြစ်အပျက်က အဲ့ဒီလိုက စတယ်။ ဘယ်လိုလဲဆိုတော့၊ ဓမ္မာရုံမှာ အလှူခံရင် သုံးတဲ့ ဦးရွှေရိုးရုပ်ကြီးက အသက်ဝင်လာလေ။ ဖတ်လို့ကောင်းတယ်။ ကျောလည်းချမ်းရတယ်။ ဖတ်ကြည့်ကြည့် !