မိုးမြေခြိမ့်ခြိမ့်သိမ့်သိမ့်တုန်

သင်မြတ်နိုး

700 Kyats ကျပ်
ချစ်ခြင်းမှာ အဆင့်အတန်းကွာခြားတာမရှိဘူးလို့ ပြောကြပေမယ့် တကယ်တမ်း အဆင့်အတန်း ကွာခြားလာတဲ့အခါမှာ ပြောသလောက်မလွယ်ဘူးဆိုတာ သိလာကြပါတယ်။ ပြီးတော့ အချစ်တစ်ခုကိုရဖို့ ဂုဏ်တွေ၊ ရွှေငွေတွေနဲ့ ရင်းနှီးလို့မရဘူးဆိုတာလည်း သဘောပေါက်ကြမယ် ထင်ပါတယ်။ >>> ကုမ္ပဏီကြီးတစ်ခုရဲ့ အရေးကြီးတဲ့လူအဆင့်ရှိတဲ့ ဦးထွန်းတောက်။ လိုချင်တာ၊ လုပ်ချင်တာရှိရင် တစွတ်ထိုးလုပ်တတ်တဲ့လူ။ အခုလည်း မြရောင်ခြယ်ဆိုတဲ့ ကောင်မလေးကို မြင်မြင်ခြင်း စွဲလမ်းမိသွားတယ်။ ဒါပေမဲ့ သူထင်သလောက် မလွယ်။ မြရောင်ခြယ်က ဆင်းရဲပေမဲ့ မာနကြီးတယ်။ သိက္ခာကြီးတယ်။ ဒါကို ဦးထွန်းတောက်က ရွှေငွေ၊ ဂုဏ်ဒြပ်တွေနဲ့ ဖိပြီး မြရောင်ခြယ်ရဲ့အချစ်ကို ရယူဖို့ကြိုးစားလာတဲ့အခါမှာတော့ … ချစ်ခြင်းမေတ္တာနဲ့ ရွှေငွေဂုဏ်ဒြပ်တို့ရဲ့ လွန်ဆွဲမှုကို ဒီဝတ္ထုထဲမှာ နာမည်ကြီး ရုပ်ရှင်ကားတစ်ကား ကြည့်နေရသလို ခံစားရပါလိမ့်မယ်။ ❤ "မြရောင်ခြယ်ကို ကိုယ်အရမ်း ချစ်မိသွားပြီ၊ အသက်အရွယ်တွေ ဘာတွေ နားမလည်ဘူးကွာ၊ မြရောင်ခြယ်ကို ရအောင် ယူပြမယ်၊ ငါ ဘာကိုရင်းမလဲ၊ စိန်တွေလား တိုက်တွေလား ကားတွေလား” - ထွန်းတောက် ❤ “ခြယ့်ကို ယုံပါနော်၊ ခြယ်လည်း အမေ့စိတ်ဓာတ်လိုပဲ ကိုယ့်အစွမ်းအစနဲ့ပဲ ဘဝကို ရင်ဆိုင်မှာပါ၊ ခြယ် ဆင်းရဲတာကို မရှက်ပါဘူး အမေ၊ ကြိုးစားတည်ဆောက်ရတာ ဘဝရဲ့အရသာပဲလေ” - ခြယ်