အချစ်သစ်တစ်ဖန်မွေးဖွားခြင်း

သကျထကျစိုးမိုး(MLM)

500 Kyats ကျပ်
မိုးသားကြူးက မိန်းမတွေကို အရမ်းမုန်းတဲ့လူ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဘဝတစ်လျှောက်မှာ မိန်းမတွေရဲ့ အသုံးချခြင်းကိုခံခဲ့ရတယ်။ သူ အောက်ပိုင်းသေခဲ့ရတာလည်း သူတို့ကြောင့်လို့ ပြောရမယ်။ ဆရာဝန်ပြောတာတော့ အတိတ်အကြောင်းတွေကို မေ့ပြီး စိတ်ကိုအသစ်တဖန် ပြန်မွေးဖွားရင်တော့ ပြန်ကောင်းလာနိုင်တယ်တဲ့။ နောက်တစ်ယောက်က ညခြံရံ။ သူကဘာရည်ရွယ်ချက်မှမရှိဘူး။ အလုပ်လုပ်ချင်တာပဲသိလို့ ညခြံရံက မိုးသားကြူးရဲ့စံအိမ်မှာ လိမ်ပြီးအလုပ်ဝင်လုပ်တယ်။ အသက်ကြီးကြီး အဒေါ်ကြီးပုံစံဖမ်းပြီး အလုပ်လုပ်တာပေါ့လေ။ ဒါပေမဲ့၊ သိပ်မကြာလိုက်ပါဘူး ရံ လိမ်ထားတယ်ဆိုတာကို မိုးသားကြူးက မိသွားတယ်။ အပြစ်ပေးတဲ့အနေနဲ့ သူခြေထောက်ပြန်ကောင်းတဲ့အထိ သူ့အနားမှာနေပေးရမယ်တဲ့။ တစ်သက်လုံးပြန်မကောင်းရင် တစ်သက်လုံး အစေအပါးအဖြစ်က လွတ်ဖို့ မမျှော်လင့်နဲ့တဲ့ ! ကဲ … ဒီလိုဆုံတွေ့ခဲ့ကြတဲ့ မိန်းမတွေကိုမုန်းတဲ့လူနဲ့ အဖြူထည်လေး ညခြံရံတို့ရဲ့ နှလုံးသားရေးရာက ဘာတွေဆက်ဖြစ်မလဲ ? ဖတ်ကြည့်လိုက်ရအောင်နော် ...