စိတ်စွဲလမ်းမှုကြောင့် မြည်သောဟွန်းသံ ကဗျာများ
ဝင်းမြင့်
600 Kyats ကျပ်
‘ရန်ကုန်က ကျဉ်းပါတယ်။ ဒါပေမဲ့ မဆုံနိုင်တော့ဘူး' ဆိုတဲ့ ဆရာဝင်းမြင့်ရဲ့ ကဗျာတစ်ပုဒ်ထဲက စာသားကို မှတ်မိထိရှိခဲ့ဖူးမယ် ထင်ပါတယ်။ ဆရာဝင်းမြင့်ရဲ့ ကဗျာတွေက ခေတ်ပေါ်ကဗျာတွေထဲမှာ တစ်ပုဒ်နဲ့တစ်ပုဒ် တင်ပြပုံ ထပ်နေတာမျိုးတွေမရှိ၊ အကြောင်းအရာတွေ ထပ်နေတာမျိုးတွေ နည်းပါးပြီး နိမိတ်ပုံအလှကိုလည်း နက်နက်ရှိုင်းရှိုင်း ခံစားရနိုင်တဲ့ ကဗျာတွေပါ။
'စာ'
ဝရန်တာပေါ်မှာ
လိမ္မော်သီးတစ်လုံး
ကြွေကျတော့မယ်။
နေလုံးဟာ
နေကာမျက်မှန်တပ်ပြီး
ညစာ စားနေတယ်။
သို့ ...
စာပြန်ပါ။
ကျန်းမာစေကြောင်း
စာရေးသား ပို့သလိုက်ပါတယ်။