နှစ် ၁၀၀ ၏ အနှစ်၁၀၀

ဝင်းငြိမ်း

2000 Kyats ကျပ်
အမှာစာကောက်နှုတ်ချက် ✅ မြန်မာဝတ္ထုတို စတင်ခဲ့သည်မှာ ၂၀၁၇ ခုနှစ်တွင် နှစ် ၁၀ဝ ပြည့်ပြီဟု သုတေသီတို့က ဆိုကြပါသည်။ ရွှေအမြုတေ မဂ္ဂဇင်းတွင် ၂၀ဝ၀ ပြည့်နှစ်ကစ၍ ခေတ်ဟောင်း စာရေးဆရာကြီးများ၏ ဝတ္ထုများကို တစ်လလျှင် တစ်ပုဒ် ထည့်သွင်းဖော်ပြခဲ့ရာ အတော် များများပင် ဖော်ပြပြီးဖြစ်ပါသည်။ ထိုဝတ္ထုဟောင်းများကို တစ်စုတစ်စည်းတည်း ဖတ်နိုင်ရန် အတွက် ဆရာ၊ ဆရာမကြီး တစ်ဦးလျှင် တစ်ပုဒ်ကျ ဖော်ပြပေးရန် ရွေးချယ်ခဲ့ပါသည်။ သို့ရာတွင် မြန်မာဝတ္ထုတိုများ၏ အစဟု ဆိုသော ဆရာကြီး ရွှေဥဒေါင်း၏ မောင်သိန်းတင် မသိန်းရှင် ဝတ္ထုကိုလည်း လူငယ်များ ဖတ်စေချင်သဖြင့် ထည့်သွင်းလိုက်ရာ ဆရာကြီး ရွှေဥဒေါင်း၏ ဝတ္ထု နှစ်ပုဒ် ပါဝင်မည်ဖြစ်ပါသည်။ ခေတ်ဟောင်းဝတ္ထုများကို ယခုခေတ် ဝတ္ထုများနှင့် ယှဉ်ကြည့်ပါက အရေးအသားနှင့် ဇာတ်အိမ် တည်ဆောက်ပုံတို့ ကွာခြားလာသည်ကို သတိပြုစေချင်ပါသည်။ ဆရာကြီးများက အကြောင်းအရာ တစ်ခုကို စာဖတ်သူ နားဝင်စေရန် ကွေ့ကာဝိုက်ကာ ရေးဖွဲ့ခဲ့ကြပြီး ယခုခေတ် စာရေးဆရာများကမူ တဲ့တိုးပင် ရေးဖွဲ့ကြသည်ကို တွေ့ရမည်ဖြစ်ပါသည်။ သို့သော် ဆရာကြီး၊ ဆရာမကြီးများ၏ ရေးဖွဲ့ပုံများမှာလည်း လူငယ်စာရေးဆရာများ အတုယူရန် များစွာ ပါဝင်ခြင်းကြောင့် လေ့လာသင့် လေ့လာထိုက်သော ဝတ္ထုများပင် ဖြစ်ပါသည်။ မြန်မာဝတ္ထုတို၏ သက်တမ်း နှစ် ၁၀ဝ အတွင်း ကျွန်တော် လက်လှမ်းမီသမျှ အနှစ်များကို စုဆောင်း ဖော်ပြလိုက်ခြင်းဖြစ်သဖြင့် ခေါင်းစဉ်ကို နှစ် ၁၀ဝ ၏ အနှစ် ၁၀ဝ ဟု တပ်ထားခြင်းဖြစ်ပါသည်။