ရင်ထဲမှာအလှဆုံးနှင့် လက်ရွေးစင်ဝတ္ထုတိုများ

ဝင်းဝင်းလတ်

800 Kyats ကျပ်
ဆရာမဝင်းဝင်းလတ်ရဲ့ စာတွေမှာ စာရေးသူဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်မှာ လှစ်ခနဲ၊ ဖျတ်ခနဲ မြင်တွေ့၊ ကြုံတွေ့ခဲ့တဲ့ အဖြစ်လေးတွေကို ဖော်ကျူးထားတာတွေကို အများဆုံး မြင်တွေ့ခံစားမိကြမှာ။ စာ,စရေးခဲ့တဲ့ ဆေးကျောင်းသူဘဝကနေစလို့ ဆရာဝန်အဖြစ်အထိ စာရေးသူ ဖြတ်သန်းခဲ့တဲ့ ဘဝအတွေ့အကြုံတွေလည်း မနည်း။ ဒါကြောင့်လည်း သိမြင်၊ တွေ့ကြုံခဲ့ရတဲ့ ကိုယ်တွေ့၊သူတွေ့အဖြစ် အတော်များများကို အခြေခံတဲ့ စာတွေရေးခဲ့တာလို့ ဆိုပါတယ်။ ဒီစာအုပ်ထဲက ဝတ္ထုတိုတွေမှာ အဲဒီလိုမျိုး ဘဝထဲက ရသတွေကို မြင်ရမှာပါ။ ရင်ထဲမှာ အလှဆုံး၊ သင်္ကြန်ရူးနှင့်နှစ်ဦးအမွန်၊ ကိုယ်လည်း ရောက်တဲ့အရပ်မှာ ပျော်အောင်နေ၊ မျှော်လင့်ချက် ရောင်ခြည် မြို့တော်သို့ ဆောင်းရောက်ရှိလာခြင်း၊ ကပ္ပိယဒေါက်တာ၊ ချမ်းတိုင်း တွေးမိတာတွေ တွေအပြင် ဝတ္ထုတိုပေါင်း (၁၁) ပုဒ်ကို ဖတ်ရှုခံစားနိုင်မှာဖြစ်ပါတယ်။