ကိုဗစ် ၁၉၊နိုင်ငံရေးနှင့် ရောက်တက်ရာရာ

ဝင်းမျိုးသူ

1500 Kyats ကျပ်
ဒီစာအုပ်က မြန်မာနိုင်ငံမှာ ကိုဗစ်စဖြစ်ချိန်ကစပြီး၊ ဖြစ်တည်လာတဲ့ စာရေးသူရဲ့ ကိုယ်ပိုင်အတွေးအမြင်တွေကို စုစည်းပေးထားတာပါ။ ကိုဗစ်ကာလမှာ ကိုယ့်ရဲ့အတွေးတွေနဲ့ စာရေးသူရဲ့ အတွေးတွေ ဘာတွေများ ထပ်တူကျနေမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။ စာရေးသူက အစတုန်းက ဒီစာစုတွေကို လူမှုကွန်ယက်စာမျက်နှာမှာပဲ ပြတ်တောင်းပြတ်တောင်း ရေးသားခဲ့ပေမဲ့ ဆိုလိုရင်းအဓိပ္ပါယ် အပြည့်အဝ ပေါ်လွင်စေချင်တဲ့အတွက် စာအုပ်ထုတ်ဖြစ်ခဲ့တာပါပဲ။ ဒီစာအုပ်ထဲမှာ - ကိုဗစ် ၁၉၊ ကူးစက်ဗိုင်းရပ်စ်ရောဂါတွေနဲ့ ရာသီဥတုပြောင်းလဲခြင်း၊ ရောဂါပြန့်ပွားနေစဉ် ကာလအတွင်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကနေ ရရှိလာတဲ့ အတွေးတွေ၊ နောက်ပြီး ကိုဗစ်ကာလအတွင်းမှာပဲ ရွေးကောက်ပွဲကရှိနေပြန်တော့ ဒီကာလအတွင်းဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးနယ်ပယ်က အဖြစ်အပျက်တွေနဲ့ ဆက်စပ်တဲ့အကြောင်းအရာတွေ၊ အတွေးတွေကို ဖတ်ရှုရမှာပါ။