ဘယ် ... ဘယ်ကို ... ဘယ်ကိုရယ်ခွဲ ... ရင်ကိုခွဲလို့

ဝင့်ပြုံးမြင့်

1000 Kyats ကျပ်
တစ်စုံတစ်ယောက်ရဲ့ နှလုံးသည်းပွတ်ကို ထုတ်ယူခြင်းခံရရင်ဘယ်လို ခံစားရမလဲ။ နှလုံးသားရဲ့ အနီးတဝိုက်က နာကျင်ရခြင်းဒဏ် ပိုခံစားရပေမပေါ့။ တိုင်းပြည်တစ်ခုရဲ့ နှလုံးသည်းပွတ်ကို ထုတ်ယူခြင်းခံရတယ်ဆိုရင်ကော ... ။ မြန်မာပြည်ရဲ့ နှလုံးသည်းပွတ်တစ်ခုဖြစ်တဲ့ ဝါးစိမ်းတောင်မှာ သတ္တုတူးဖော်ရေးလုပ်ငန်း အကျိုးဆက်ကြောင့် နာကျင်ခံစားခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်။ ရွှေရှာသူရှာ၊ ထန်းတက်သူတက်နဲ့ အေးချမ်းလှတဲ့ယမားချောင်းဘေး​ ကြေးသိုက်ရွာလေးက မိဘမဲ့အေးသီတာတို့မောင်နှမအပေါ်ကိုမှ ကံကြမ္မာက ကွက်ကြားမိုးရွာသွန်းဖြိုးခဲ့လေလား။ ယမားချောင်းမှာ မိုးတွေသည်းသည်းမည်းမည်းရွာခဲ့သော ထိုနေ့တစ်နေ့။ ထိုတစ်နေ့ဟာ အေးသီတာတို့ မိသားစုဘဝလေး ရေစုန်မျောခဲ့ရသောနေ့ ဖြစ်ရတယ်။ ​ရွှေအရှာသွားတဲ့ အဖေ အိမ်ပြန်မလာတော့ဘူးလေ။ ပညာရေးမှာ ထူးချွန်လောက်တဲ့ ဉာဏ်အရည်အသွေးရှိသူ မောင်ငယ်လေး ပညာတတ် ဖြစ်စေဖို့ အေးသီတာဆိုတဲ့ အညံ့ပန်းလေး ရွေးစရာတစ်လမ်းပဲ ကျန်တော့တယ်။ ဂမ္ဘီရ ပစ္စည်းဆန်းတွေ အရောင်းအဝယ်လုပ်တဲ့ ဦးလေးဝမ်းကွဲရှိရာ ယင်းမာပင်မြို့ကို သူတို့မောင်နှမ ရောက်ခဲ့ရတယ်။ စဉ်းစားတွေးခေါ်ဉာဏ်မရှိ၊ နုပျိုစိုပြည်တဲ့ အလှတရားပဲရှိတဲ့ အေးသီတာဆိုတဲ့ အရိုင်းပန်းလေးရဲ့ ရင်နာစရာအဖြစ်ကပဲ ​ကြေကွဲစရာကောင်းသလား သတ္တုတူးဖော်ရေးလုပ်ကွက်တွေ​ကြောင့် ပျက်စီးခဲ့ရတဲ့ ရွာသူရွာသားတွေပဲ သနားစရာ ကောင်းသလားဆိုတာ ...။