အနီရောင်ပုလဲတစ်ကုံး

လွန်းထားထား (ဆေးတက္ကသိုလ်)

800 Kyats ကျပ်
ဒီဝတ္ထုထဲမှာတော့ စာရေးသူဟာ ဆင်းရဲမှာကိုကြောက်တဲ့၊ ပညာမတတ် လူရာမဝင်မှာ မအောင်မြင်မှာကို သေရမှာထက် ပိုမိုကြောက်ရွံ့သူ ဆေးကျောင်းသူ မိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကို ရေးဖွဲ့ထားတာပါ။ “ပွင့်ပွင့်လင်းလင်း ပြောပြရလျှင် နီတျာသည် အလှမက်သော၊ အကောင်းကြိုက်သော၊ အောင်မြင်ချင်စိတ် အားကြီးသော၊ အဆင့်အတန်းမြင့်မြင့်၊ ချမ်းချမ်းသာသာ နေလိုသော သွေးနားထင်ရောက်တတ်သည့် မိန်းမစားမျိုးဖြစ်သည်” လို့ စာရေးသူက နီတျာ့ရဲ့ အမူအကျင့်တို့ကို ပြောပြထားတယ်။ ဝတ္ထုထဲမှာတော့ စာဖတ်သူအနေနဲ့ နီတျာကို သတ္တိရှိပြီး ရဲရင့်သူ၊ ထက်ထက်မြက်မြက်နှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတစ်ဦးအဖြစ်လည်း မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ [ “ကျွန်မ အခု ဆေးကျောင်း ပထမနှစ်တက်နေပါတယ်ဦး။ အမှန်တိုင်းပြောရရင် ကျွန်မတို့က ဆင်းရဲပါတယ်။ ကျွန်မ ဆေးကျောင်းတက်ဖို့ ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာရပါတယ်။ ဒါကြောင့် ကျွန်မ ဆယ်တန်းကျောင်းသားလေးတွေကို guide လုပ်ပါတယ်။ ကလေးတွေကိုလည်း ကျူရှင်လိုက်ပြပေးပါတယ် .. ။ အခု ညီမလေးကိုပါ ကျူရှင် ပြခွင့်ရခဲ့မယ်ဆိုရင် ကျွန်မ ကျောင်းစရိတ်အတွက် ပိုက်ဆံပိုစုမိမယ်လေ။ ဒါကြောင့် လိုချင်တာပါ” ပွင့်လင်းရိုးဖြောင့်လွန်းသော နီတျာ့၏ အဖြေစကားက ဦးရဲ့ ကရုဏာလွှမ်းသော နှလုံးသားကို ဖမ်းဆုပ်လှုပ်ခါနိုင်စွမ်းရှိခဲ့မှန်း နီတျာ မရိပ်မိနိုင်ခဲ့ပါ။ ဦးက ဘာမှ ဆက်မမေးတော့ဘဲ နီတျာ့ကို အလုပ်ခန့်ခဲ့ပါသည်။ နီတျာ့အဖို့ ဝင်ငွေပိုရလေ ပိုက်ဆံပိုစုမိလေ ဆေးကျောင်းစရိတ် ကာမိလေမို့ အလုပ်များများ လုပ်ရသည်ကို ပင်ပန်းသည်ရယ်လို့ မညည်းခဲ့ပါ။ နားချိန်မရှိလောက်အောင် တစ်အိမ်ပြီးတစ်အိမ်ကူးကာ စာပြပေးနေခဲ့ရသည်ကို နီတျာပျော်ရွှင်ခဲ့သည်။ ] ပုလဲတစ်ကုံးဖြစ်ခွင့်ရမယ်ဆိုရင်တောင် ဖြူစင်အပြစ်ကင်းတဲ့ အဖြူရောင်ပုလဲကုံး မဖြစ်ချင်ဘဲ ရဲရင့်ပြီး ဖောက်ထွက်ထင်ရှားတဲ့ အနီရောင်ပုလဲကုံးသာ ဖြစ်ချင်သူ နီတျာဟာ သူမဘက်က အမြင်အရ “ဦး” လို့ သုံးနှုန်းထားသူ၊ တည်ငြိမ်ရင့်ကျက်ပြီး အထင်ကြီးလေးစားဖွယ်ကောင်းတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သူရဲ့ သမီး ‘ပိုးဖြူဥ’ ကို guide လုပ်ပေးမယ့် ဆရာမဖြစ်လာတဲ့အခါမှာတော့ … စာရေးသူဟာ နီတျာ့ရဲ့ ဘဝကို ဘယ်လိုပုံဖော်သွားမလဲ၊ နီတျာနဲ့ ‘ဦး’ တို့ကြားမှာ မေတ္တာဇာတ်လမ်းတစ်ပုဒ် ဖြစ်လာနိုင်မလား၊ အောင်မြင်လိုစိတ်ပြင်းပြသူ မိန်းကလေးတစ်ယောက်ဖြစ်တဲ့ တျာ့ရဲ့ စိတ်နေသဘာဝနဲ့ အမူအကျင့်တွေက ဘယ်လို အပြောင်းအလဲတွေ ရှိသွားမလဲဆိုတာကို စိတ်ဝင်စားတယ်ဆိုရင်တော့...