အောင်ကျော်ဇောနှင့် ဂျပန်မိစ္ဆာ

လျှပ်ပန်းအိမ်(လားရှိုး)

200 Kyats ကျပ်
တချို့ရှေးဟောင်းပစ္စည်းတွေမှာ မကောင်းဆိုးဝါးကပ်နေတာတို့ ကျိန်စာတို့ ရှိနေတတ်ပါတယ်။ အခု အဲဒီအကြောင်းကို ဖတ်ရတော့မှာပါ။ ဝိုင်းလပြည့်နဲ့ ကျော်စွာတို့နှစ်ယောက် ငါးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အနေနဲ့ ခရီးထွက်လာတယ်။ နောက်ပြီး ဈေးထဲလိုက်စပ်စုရာကနေ ရှေးဟောင်းပစ္စည်းတွေကို စုရတာဝါသနာပါတဲ့ ကျော်စွာက ဆိုင်တစ်ဆိုင်တွေ့ပြီး ဆိုင်ကရှေးဟောင်း ဂျပန်ဆာမူရိုင်းဓားတိုလေး ဝယ်လိုက်တယ်။ အဲဒီနောက် ညသန်းခေါင်အချိန်လောက်မှာ လင်မယားနှစ်ယောက်လုံး အသတ်ခံလိုက်ရပါတယ်။ ဒီအဖြစ်ပျက်ကို သဘာဝလွန်ဇာတ်လမ်းတွေကို စိတ်ဝင်စားပြီး လိုက်ဖြေရှင်းတတ်တဲ့ အောင်ကျော်ဇောက ဖြေရှင်းတော့တာပဲ။ ဒါပေမယ့် သူတစ်ယောက်ထဲမဟုတ်ဘဲ ဘယ်ကမှန်းမသိပေါ်လာတဲ့ ခေတ်မှီဆိုတဲ့ ကောင်လေးနဲ့ အတူဖြေရှင်းကြတာပါ။ ဓားထဲမှာ ဘယ်လိုမကောင်းဆိုးဝါးမိစ္ဆာကြီး ရှိနေမလဲ ? သူတို့ ဘာတွေကြုံရမလဲဆိုတော့ ?