အချစ်ညွတ်ကွင်း

လုံမ

800 Kyats ကျပ်
မိသားစု စိတ်ဒဏ်ရာတစ်ခုကြောင့် လောကကြီးကို အရွဲ့တိုက်နေတဲ့ ရတုမှီ။ စိတ်အာဟာရမပြည့်လို့ အရိုင်းဆန်နေတဲ့ ဂျစ်ပစီဆန်ဆန်သူ့ရဲ့ စရိုက်တွေကိုမှ ငြိတွယ်မိတဲ့ မိုးကား။ ချစ်ခြင်းတရား၊ မေတ္တာတရား ငတ်မွတ်နေတဲ့ ရတုမှီအတွက် လိုအပ်နေတဲ့ မေတ္တာတရားကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတဲ့ မိုးကား။ အရိုင်းဆန်တဲ့ ရတုမှီရဲ့ပုံစံကို မိုးသားမိဘတွေက သဘောကျပါ့မလား။ လုံမရဲ့နူးညံ့တဲ့အရေးအသား၊ အသုံးအနှုန်းလေးတွေနဲ့ဆိုတော့ အချစ်ညွတ်ကွင်းမှာ စာဖတ်သူရဲ့နှလုံးသား တန်းခနဲမိသွားပါလိမ့်မယ်။