ရင်မှာဝှက်သောပန်း

လရောင်ဆူး

800 Kyats ကျပ်
...မင်းလင်္ကာ၊ တာတန်ခူး၊ ဇံရဲနဲ့ မြတ်တို့အကြားက သမုဒယဇာတ်လမ်း (ဒါမှမဟုတ်) နှလုံးသားလေးစုံရဲ့ လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ချစ်သူကို စွန့်လွှတ်ပြီး မချစ်မနှစ်သက်သူကို လက်ထပ်လိုက်ရတဲ့ မင်းလင်္ကာတစ်ယောက် လက်ထပ်ပြီး အတော်ကြာမှ ချစ်နေမိပြီမှန်း ကိုယ့်နှလုံးသားကို ကိုယ်တိုင်ပြန်နားလည်ခဲ့ပြီးနောက် ကံတရားရဲ့ အလှည့်အပြောင်း၊ ရက်စက်တဲ့ ကြမ္မာဆိုးနဲ့ ကြုံဆုံလာရတဲ့အခါ ... ဘယ်လို အဖြစ်အပျက်တွေ ဆက်ဖြစ်လေမလဲ။ ပိုင်ဆိုင်ခွင့်မရတဲ့ ချစ်သူကို တိတ်တခိုးလေး နောက်ကွယ်ကနေ စောင့်ရှောက်တတ်ကြတဲ့ နှလုံးသားပိုင်ရှင်တွေ၊ ချစ်လျက်ခင်လျက် ရှိကြပေမယ့်လည်း သေကွဲရှင်ကွဲ တစ်ကွဲကွဲနဲ့ ခွဲခွာတတ်တဲ့ လောကဓမ္မ တရားစီရင်မှုအောက်မှာ ချစ်သူတွေ ဘယ်လို နှုတ်ဆက်ကြလေမလဲ။ မချစ်ဘဲ လက်ထပ်ခဲ့ကြပြီးလို့ ချစ်တယ်ဆိုတာ သိသွားတဲ့နောက်မှာ ဆက်လက်ပြီး ချစ်မြတ်နိုးခွင့်မပေးတော့တဲ့ ကံကြမ္မာဆိုးက သူတို့ဘဝ သူတို့နှလုံးသားကို ဘယ်လိုရိုက်ခတ်လေမလဲ။