ဆောင်းခေါ်မယ့်တေးသံ

လရောင်ကျူးရင့်

900 Kyats ကျပ်
ညနေဆည်းဆာချမ်းရဲ့ လမ်းဘေးတစ်နေရာမှာ ကားတစ်စီးနဲ့ မိန်းမလှလေးတစ်ဦး။ ဘေးမှာ ဝိုင်းထားတာက ရုပ်ရှင်ထဲက လူကြမ်းလို ဟန်ပန်တွေနဲ့ လူသုံးယောက်။ ဒီမြင်ကွင်းကို မြင်လိုက်တဲ့ အထက်စီးက ပထမတော့ အခြေအနေကို ရပ်ကြည့်နေမိသေးတယ်။ ဒါပေမဲ့ မြင်ကွင်းက သိပ်မလှပတော့ဘူး။ အထက်စီး သူတို့ဆီ လျှောက်သွားပြီး ဟိုလူသုံးယောက်ကို ဝင်ဆော်ပလော်တီးပစ်လိုက်တယ်။ သူတို့ ဖိုက်တင်ပွဲကို မိန်းမချောလေးက ကားကိုမှီပြီး ဟန်ပါပါ ရပ်ကြည့်နေတယ်။ သူ့နာမည်က အထက်စီးပဲ။ ဒီသုံးယောက်လောက်ကို အထက်စီးကနေပဲ အနိုင်ယူလိုက်နိုင်တယ်။ လူရမ်းကား သုံးယောက် ထွက်ပြေးသွားချိန်မှာ အထက်စီး မိန်းကလေးအနား လျှောက်သွားတယ်။ ဒါပေမဲ့ မိန်းကလေးရဲ့ အပြုအမူက အထက်စီးအတွက် အံ့အားသင့်စရာ၊ ဒေါသဖြစ်စရာပါပဲ။ မဆီမဆိုင် ဝင်ကူညီပေးခဲ့တာကို ကျေးဇူးမတင်တဲ့အပြင် အထက်စီးကို အထက်စီးဆန်ဆန် ခပ်ရင့်ရင့် တုံ့ပြန်လိုက်တဲ့ စကားတွေကြောင့် အထက်စီး လှည့်ထွက်ခဲ့တယ်။ ဒါပေမဲ့ ခပ်ရင့်ရင့် မိန်းမလှ တစ်ယောက်ကို အထက်စီးရင်ထဲမှာ မေ့ဖျောက်လို့ မရတော့ဘူး။ ဒီလို ဇာတ်လမ်းစတဲ့ ဒီဝတ္ထုက စိတ်ဝင်စားစရာတွေ အပြည့်နဲ့ ဘယ်လို ဇာတ်လမ်းဆက်မလဲဆိုတာကတော့ …