အချစ်သည်

လရောင်ကျူးရင့်

1500 Kyats ကျပ်
ဒီဝတ္ထုကတော့ အားလုံးမျှော်လင့် စောင့်စားနေကြတဲ့ “ကိုးနာရီ ကိုးမိနစ် ကိုးစက္ကန့်” ရဲ့ အဆက် “အချစ်သည်..” ဆိုတဲ့ ဝတ္ထုပါ။ အရှေ့ဝတ္ထုမှာ ပြင်းရှမှုတွေ၊ ရင်ထိတ်မှုတွေ၊ ချစ်ခြင်းတွေနဲ့ ပြဿနာပေါင်းစုံကို စွဲလမ်းဖို့ကောင်းအောင် ခံစားခဲ့ရသလို ဒီဝတ္ထုမှာရော ဘယ်လို ရသတွေကို ခံစားရမလဲဆိုတာ သိချင်နေကြတယ် ဟုတ်…? ဒီဝတ္ထုမှာတော့ တိမ်တိုက် ကို စိတ်ဆိုးတဲ့အဆင့်ကျော်ပြီး စိတ်အနာကြီး နာနေတဲ့ ကာရံ။ နောက်ပြီး ကာရံက လတ်တလောမှာ စိတ်ရောဂါသည်တစ်ယောက်လိုမျိုး ပြုမူနေသလို ချောက်ချားဖို့ကောင်းတဲ့ ခြံဝန်းကြီးထဲမှာ သူ့အစ်မဖြစ်သူက မကျွတ်လွတ်ဘူးလို့ ထင်နေတယ်။ ဒါကြောင့် ကျွတ်လွတ်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားတယ်။ ပိုပြီး ရင်တုန်စေတာက နွေမွန်းတည့်ဟာ ထောင်ကလွတ်လာပြီဖြစ်သလို အရမ်းလည်း ချမ်းသာနေပြီတဲ့။ နောက်ပိုင်း ခြံကြီးထဲမှာ ကာရံ အစီအရင်တစ်ခုလုပ်ဖို့ ကြိုးစားနေတုန်း နွေမွန်းတည့်နဲ့ တည့်တည့်တိုးလေရော… ဘာတွေဆက်ဖြစ်မလဲဆိုတာ အရမ်းသိချင်နေသလို ဝတ္ထုကို အရမ်းဖတ်ချင်နေကြပြီမဟုတ်လား… ဝန်ဇင်းမှာ အခုပဲ တင်ပေးလိုက်ပြီနော်…!