သူနဲ့ကျွန်တော်ရဲ့ အမှတ်တရ

လရောင်ကျူးရင့်

900 Kyats ကျပ်
...မိသားစု သုံးယောက်မှာ နှစ်ယောက်က အလုပ်လုပ် နေကြပေမယ့် တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် သမီးလေး အတွက် ပံ့ပိုးပေးရမှုလည်း ဝန်မသေးဘူး။ သိပ်ပြီး မပြည့်စုံတဲ့ မိသားစုလေးပေါ့။ ဒီမိသားစုလေးမှာ ဆိုးတာ မဟုတ်ပေမယ့် မလိမ္မာတဲ့ ကောင်လေးက ‘အလင်း’ ။ အသုံးအစွဲလည်း မလျှော့၊ စာကိုလည်း သေချာမလုပ်၊ အပေါ်ယံ ကြည့်လိုက်တာနဲ့ အလင်းဟာ လေးနက်မှု မရှိတဲ့ ကောင်လေးတစ်ယောက်ပဲ။ သူ့မှာ အစ်မတစ်ဦး ရှိတယ်။ ‘အဆင်း’ တဲ့။ သိပ်လှတဲ့ ဆံနွယ်ရှည်ရှည်တွေကို ပိုင်ဆိုင်ထားသူပေါ့။ နေသဏ္ဌာန်အလင်း လသဏ္ဌာန်အဆင်း သူတို့ မောင်နှမဟာ ဖခင် ဦးထက်ခိုင်ရဲ့ မွေးစားသားသမီး နှစ်ယောက်ပဲ ဖြစ်တယ်။ သွေးချင်း မနှောတဲ့ မိသားစုလေးရဲ့ မေတ္တာပုံရိပ်တွေနဲ့ လူ့ပတ်ဝန်းကျင်က စရိုက်တွေကို မြင်ရတာ တအား စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတဲ့ မောင်နှမနှစ်ယောက်ရဲ့ ဆက်ဆံရေး၊ မမျှော်လင့်ထားတဲ့ ပြဿနာ အဖြစ်အပျက်တွေကြားမှာ ထောင်ကျသွားတဲ့ ဖခင် ဦးထက်ခိုင် ... ။ ဘာတွေ ဆက်ဖြစ်ကြမလဲ ? မောင်နှမ နှစ်ယောက်မှာ ကိုယ်ချစ်ရသူတွေ ပေါ်ပေါက်လာတဲ့ အခါ ? ဖခင်ရဲ့ တရားမျှတမှု လွတ်လပ်ခွင့် ? ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ ?