ယုံပါ

လရောင်ကျူးရင့်

900 Kyats ကျပ်
❤ ကျောင်းသားဘဝ လူငယ်အရွယ် ပျော်တတ်ပါးတတ်တာ ပြဿနာမဟုတ်ပေမယ့် လွန်လွန်ကျူးကျူးဆိုရင်တော့ တကယ့်ပြဿနာပါ။ ခင်ဦးသျှောင်နဲ့ ပန်းသခင်တို့နှစ်ယောက်ရဲ့ ပြဿနာကလည်း ဒီလိုပါပဲ။ ပန်းသခင်က ပျော်ပျော်နေတတ်တယ်၊ ခင်ဦးသျှောင်က ကျောင်းကိုတောင် ကိုယ်ရံတော် အစောင့်အရှောက်တွေနဲ့ သွားလာရတဲ့လူ။ တကယ့်ပြဿနာအစက သင်္ကြန်တွင်း မထင်မှတ်ပဲ သခင်တို့သင်္ကြန်လည်ကားနဲ့ ခင်ဦးသျှောင်တို့ ကိုယ်ရံတော်ကားနဲ့ တွေ့တုန်း ခင်ဦးသျှောင်ကို ရေပက်လိုက်ရာကနေ ခွဲစိတ်ထားတဲ့ ဒဏ်ရာကိုထိခိုက်သွားတာ။ သခင်ကတော့ မသိပါဘူး။ ဒီမှာ ခင်ဦးသျှောင်ရဲ့ အဖေကမကျေနပ်ပဲ သူ့လက်အောက်မှာ အလုပ်လုပ်နေတဲ့ သခင်ရဲ့အဖေကို ခေါ်ပြီး အလျော်အစားကိစ္စပြောတယ်။ အဲဒါကတော့ သခင့်ကို လက်ထပ်ပေးဖို့ပါပဲ။ ❤ ဟမ် … ဘယ်လိုကြီးလဲပေါ့။ တကယ်တော့ အဲဒါကအကြောင်းအရင်းရှိပါတယ်။ အဲဒီအချိန်ကစလို့ ပျော်ပျော်ပါးပါးနေတဲ့ သခင်တစ်ယောက် ဘယ်လိုအခြေအနေတွေကို ဖြတ်သန်းရမလဲ၊ ခွဲစိတ်ဒဏ်ရာကို ထိခိုက်ထားတဲ့ ခင်ဦးသျှောင် ဘယ်လို အခြေအနေရှိလဲဆိုတာ ..... ။ သင်္ကြန်နောက်ခံ ဖြစ်ရမယ်၊ တကယ်ကို ဇာတ်အိမ်ကောင်းကောင်းနဲ့ ဝတ္ထုကိုဖတ်ချင်ရင်တော့ ဒီစာအုပ်ကို choice လိုက်နော် !