မျက်လုံးရိုင်း

လရောင်ကျူးရင့်

900 Kyats ကျပ်
>> တစ်ကမ္ဘာလုံးမှာ ငါတစ်ယောက်တည်းလို့ ထင်လာခဲ့တဲ့ အထီးကျန်ဆန်မှုတွေ၊ လူတွေဆီက အကြင်နာကို မပြောနဲ့ ငါ့ဘေးမှာ လူသားတွေ ရှိနေပါလားလို့တောင် မထင်မိတော့အောင် နွေးထွေးခြင်းကင်းမဲ့စွာ ဖြတ်သန်းခဲ့ရတဲ့ မီးစနေ။ အခုတော့ ဒေါ်လျှပ်ပန်းပေါ့။ တစ်နေ့ဒေါ်လျှပ်ပန်းရဲ့အိမ်ကို သားဖြစ်သူနဲ့ အတူယောက်ျားသားတစ်ယောက် ရောက်လာခဲ့တယ်။ သားကိုကူညီခဲ့သူတဲ့။ သေချာကြည့်မှ အဲဒီလူဟာ အရိပ်ထင်ဆိုတဲ့လူဖြစ်နေတယ်။ >> သူတို့နှစ်ယောက်ရဲ့အတိတ်ကထူးဆန်းမှုတွေနဲ့ ပြည့်နှက်ခဲ့သလို၊ နာကျင်စရာတွေနဲ့ ပြည့်နှက်ခဲ့ရတယ်ထင်တာပဲ။ အရိပ်ထင်က လျှပ်ပန်းကို အမုန်းတီးကြီး မုန်းတီးနေတယ်။ သူ့မိသားစုတစ်ခုလုံး ပြိုကွဲအောင်လုပ်ခဲ့တဲ့သူမို့လို့တဲ့။ >> ဒီလိုအဖြေရှာရခက်တဲ့ မေးခွန်းတွေပြည့်နေတဲ့ လူနှစ်ယောက်ရဲ့အတိတ်က မသိချင်ဘဲ မနေနိုင်အောင် ဖြစ်မိပါတယ်။ အထူးသဖြင့် မီးစနေ ဟာ သူဒေါသထွက်တဲ့အလျှောက် လူတစ်ယောက်ကို စိုက်ကြည့်ရင်သေတယ်ဆိုပြီး ပြောနေကြတဲ့ ကိစ္စကလည်း အပါအဝင်ပေါ့။ ကဲ ... ဇာတ်လမ်းဇာတ်အိမ် ကောင်းကောင်းနဲ့ ဖတ်ချင်စိတ်ပေါ်စေမယ့် ဝတ္ထုမျိုးမှ ကြိုက်မယ်ဆိုရင် ဒီစာအုပ်ကို ဒီနေ့ပဲ ဖတ်ကြည့်လိုက်တော့နော် !