မုန်းခဲ့တာကအနိစ္စ

လရောင်ကျူးရင့်

900 Kyats ကျပ်
>> ကံတရားရဲ့အလှည့်အပြောင်းတွေက တစ်ခါတလေအရမ်း မျက်လှည့်ပြကွက်တွေထက်တောင် ဆန်းနေတတ်တယ်။ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေက ဟာခနဲ ဟင်ခနဲဖြစ်သွားတတ်တယ်။ ဒီဝတ္ထုထဲမှာလည်း ဒီလိုကံတရားရဲ့အလှည့်အပြောင်းတွေကို ရင်တထိတ်ထိတ်နဲ့ ခံစားရမှာပဲ။ ပြဿနာတွေ အားလုံးရဲ့အရင်းခံက ညံ။ ချမ်းသာတဲ့အသိုင်းအဝိုင်းကဖြစ်သလို သူထင်ရာသူလုပ်တတ်တဲ့ လူစားမျိုး၊ ဂျစ်ကန်ကန်နိုင်တယ်၊ တဇောက်ကမ်းနိုင်တယ်။ >> ညံသဘောကျလို့ လိုက်နေတဲ့သူက ဘဝင်ချို။ သူလည်းချမ်းသာတယ်။ စိတ်အပြောင်းအလဲမြန်တယ်။ သေချာတာတစ်ခုကတော့ ညံကို လုံးဝကြည့်မရတာပဲ။ ချိုမှာ ချမ်းဆိုတဲ့ ဆွေမျိုးမကင်းတဲ့ အစ်မတစ်ယောက်ရှိတယ်။ သူက ချို ရဲ့ကျောင်းမှာ ဆရာမတာဝန်ထမ်းဆောင်နေတယ်။ ဒီလို မတူကွဲပြားတဲ့စရိုက်ရှိတဲ့ လူသုံးယောက်ရဲ့ တွေ့ဆုံမှုကနေ မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေ ဖြစ်လာခဲ့တယ်။ ဝမ်းနည်းစရာတွေဖြစ်လာခဲ့တယ်။ လရောင်ကျူးရင့်က ဘယ်လိုဇာတ်လမ်းတွေနဲ့ စာဖတ်သူကို ဆွဲဆောင်ထားမလဲ ??