ဒါပေမဲ့ ... ချစ်တယ်

လရောင်ကျူးရင့်

900 Kyats ကျပ်
>> ချမ်းသာရတဲ့ ဒုက္ခကလည်း မသေးပါဘူး။ တကယ်လည်း အဆင်းဘဝက ချမ်းသာတယ်ဆိုတာ နာမည်ခံပါ။ အမြဲတမ်းဒုက္ခတွေနဲ့ပြည့်နေတာ။ အဖေနဲ့အမေက စီးပွားတွေ ရှာပေးခဲ့တယ်။ ပြီးတော့ ဆုံးသွားတယ်။ အဒေါ်ဖြစ်သူက အကုန်လုံးကို လက်ဝါးကြီးအုပ်၊ ထိန်းကျောင်း၊ လောဘကြီး၊ အတ္တကြီးနေတယ်။ သူခိုင်းတာလုပ်၊ သူပြောသလိုနေ၊ တစ်ခုခုမှားတာ၊ စည်းကမ်းဖောက်မိတာနဲ့ အသေအဆူခံ၊ အပြောခံရပြီပဲ။ အဆင်းကို အဒေါ်ဖြစ်သူက ဘယ်လောက်အထိ လက်ဝါးကြီးအုပ်ချင်လဲဆိုရင် အသက် (၂၀) ပြည့်တာနဲ့ သူ့ယောက်ျားရဲ့ တူဖြစ်သူနဲ့ ပေးစားဖို့စီစဉ်ပေးထားတဲ့ အထိပဲ။ >> နောက်ဇာတ်ကောင်တစ်ဦးက မင်းရန်သူ။ သူမှန်တယ်ထင်တာ သူလုပ်တတ်တယ်။ ဂျစ်ကန်ကန်နေတတ်တဲ့ တစ်ကောင်ကြွက်။ လွတ်လပ်မှုကို အရမ်းတန်ဖိုးထားတယ်။ လှောင်အိမ်ထဲက ငှက်ကလေးလို လွတ်လပ်မှုမရှိတဲ့ အဆင်းနဲ့ လွတ်လွတ်လပ်လပ်နေတတ်တဲ့ မင်းရန်သူတို့နှစ်ယောက်၊ လှည့်စားမှုတွေ ကြီးစိုးတဲ့ ကံတရားအောက်မှာ ဆုံတွေ့မိကြတဲ့အခါ၊ အရမ်း စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဇာတ်လမ်းတွေ ပေါ်ပေါက်လာတော့တာပေါ့။ ဖတ်ကြည့်လိုက်ကြနော် !