တစ်ဆင့်ချင်းချစ်တယ်

လရောင်ကျူးရင့်

900 Kyats ကျပ်
“သိုက်” ဟာ အထိုက်အလျောက်အောင်မြင်မှုရနေတဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက်ပါ။ “မင်းမျက်နှာ”ကတော့ ကိုယ့် ဒူးကိုယ်ချွန်ပြီး ကြီးပွားချမ်းသာလာသူ။ ဒီနှစ်ယောက်ကြားမှာ မတူကွဲပြားမှုတွေက အများကြီးပါ။ ဘဝချင်းမတူသလို စရိုက် ချင်းလည်း မတူကြပါဘူး။ ဒါပေမယ့် အောင်မြင်ခြင်းနဲ့ ကြွယ်ဝချမ်းသာခြင်းကို အလဲအထပ်လုပ်ဖို့ နှစ်ဦးစလုံးက ဆုံးဖြတ်ခဲ့ ပါတယ်။ သူတို့နှစ်ဦးအတွက် ဒါဟာ မှန်ကန်ရဲ့လားဆိုတာထက် ကိုယ်စီတွက်ချက်ထားကြတဲ့ တွက်ကိန်းတွေကိုသာ အဓိက ထားခဲ့ကြပါတယ်။ ဒီလိုနဲ့ မတူညီတဲ့ ဘဝနှစ်ခုကြားက ပေါင်းစပ်မှုမှာ ချစ်ခြင်းတရားက ဘယ်လို မှော်အတတ်နဲ့ ပြုစားမလဲ၊ ကိုယ်စီ တွက်ကိန်းတွေက နောင်တတရားရဲ့ဇာတ်ပျိုးလား စတာတွေကို “တစ်ဆင့်ချင်းချစ်တယ်” ဝတ္ထုထဲက လရောင်ကျူးရင့်ရဲ့ ပုံဖော်ဖွဲ့နွဲ့မှုတွေမှာ တွေ့နိုင်ပါလိမ့်မယ်။